ချစ်သမျှကို
စိတ်ချလို့ ယုံပါခင်။
ချစ်သံယောဇဉ်
သိစေချင် ခင်ကျေနပ်စေဖို့
လက်ထပ်ကာ ကြင်စဦး
မြူးခဲ့ပြီပင်။
ခင့်အနား မခွာအစဉ်
အမြဲပင် နေချင်ပေမယ့်။
တာဝန်ခင် ကိုစစ်သားပေမို့
ရမ်းကားသူ ထိုရန်ခပင်းကို
နှိမ်နင်းကာ မှုန်းချေပစ်နိုင်ဖို့
စစ်မြေဆီ စစ်ချီသွားရမယ်
နားလည်ပါကွဲ့။
#ကိုချိုစံ