
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် ၃ နှစ်စာ ချီးမြှင့်သွားမှာဖြစ်ပြီး လာမည့် မေ ၆ ရက်တွင် နေပြည်တော်မြိုတော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။အခမ်းအနားကျင်းပမည့် စင်မြင့်ဆောက်လုပ်နေမှု၊ ထိုင်ခုံခင်းကျင်းမှုနှင့် အနုပညာရှင်များအတွက် အနီရောင်ကော်ဇောလျှောက်လမ်း နေရာလျာထားမှုတိုကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြတယ်လို့သိရပါတယ်။