







အများပျော်ရွှင်မှု့ကို နှောက်ယှက်ဖျက်စီးနေသော အကြမ်းဖက် pdf များကကယားပြည်နယ်အစိုးရအဖွဲရုံး ဗဟိုမဏ္ဍပ်ကို မနက် ၉ နာရီခွဲအချိန်မှာ Drone တစ်စီးနဲ့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယင်းဖြစ်စဥ်အတွင်းမှာ အရပ်သား အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ အရာတော်မြိုနယ်၊ ငွေတွင်းကျေးရွာ ဓမ္မာရုံရှိ ကျေးရွာရေကစားမဏ္ဍပ်ကို ညနေ ၅ နာရီခွဲခန့်မှာ Drone နဲ့ Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာမှာ ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၁၃ ဦးဒဏ်ရာရရှိခဲ့တာကြောင့် ဖြစ်စဥ်နှစ်ခုပေါင်းမှာ အရပ်သား ၄၁ ဦးအထိ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။