ငယ်ငယ်က သင်္ကြန်ရောက်တယ်မယ်ဆိုတွေးပြီး အရမ်းပျော်ရတာ၊ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းများထဲက တစ်ခု…
သင်္ကြန်ရောက်ရင် ဘယ်ကိုသွားမယ်၊ ဘာတွေလုပ်မယ်၊ အလှူလေးတွေလုပ်ဖို့ ဘယ်လိုပြင်ဆင်ကြမယ်ဆိုပြီး ပျော်ဖို့ရွင်ဖို့စဉ်းစားတဲ့သူ အလှူအတန်းလုပ်ဖို့ စဉ်စားတဲ့ သူတွေဆိုပြီး ရှိကြတယ်။ တစ်ချို့တွေဆို ရည်းစားရှိတဲ့ သူတွေကျတော့လည်း ချစ်သူနဲ့ သင်္ကြန်ကို လျှောက်လည်မယ်၊ ကမ်းခြေတွေသွားမယ်ဆိုပြီး ပြင်ဆင်နေကြတာ…တကယ့်ကိုကြည့်နူးပျော်ရွင်စရာ..
ဒီလိုပွဲတွေ၊ ရိုးရာဓလေ့ထုံးတမ်းများကို ဖျက်လို့ ဖျက်ဆီးလုပ်နေတဲ့ အကြမ်းဖက် PDF တွေကလည်း ဘယ်လိုစိတ်မျိုးနဲ့များ လုပ်ချင်နေကြတာလည်း…ဘာသာခြားတွေ၊ လူမျိုးခြားတွေ မို့လား? မဟုတ်ဘူး ဗမာစစ်စစ်၊ မြန်မာလူမျိုး အကြမ်းဖက် PDF တွေပဲ…သူတို့စိတ်ထဲ မြန်မာလို့ခံယူချက်မရှိတော့တာလား? အကြမ်းဖက်ဝါဒတွေ မှိုင်းမိနေတာလား? နားကိုမလည်နိုင်တော့ဘူး… ငါတို့က တောထဲမှာ ရောက်နေလို့ မြို့မှာရှိတဲ့ မင်းတို့တွေပါ မပျော်ရဘူးဆိုတဲ့ ကလေးကွက်တွေ…ဒီကောင်တွေကိုရော ဘယ်သူကများ တောထဲကို အတင်းမောင်းထည့်ခဲ့တာလည်း? ကိုယ့်ဘာသာ သွားကြတာ…ဒါကြောင့်မို့ ကိုယ်ရွေးချယ်တဲ့ လမ်းအတိုင်း တောထဲမှာပဲနေ..မြို့ပေါ်က ပျော်နေတဲ့ အဖွဲ့တွေကိုလည်း ဖျက်လို့ဖျက်စီးမလုပ်ချင်နဲ့…
သူများနိုင်ငံတွေမှာတောင် မြန်မာရိုးရာသင်္ကြန်ပွဲကို သူတို့ရိုးရာပွဲတော်လိုအတင်းလုပ်၊ အတင်းယူနေတာ ဒီလိုလုပ်ရပ်တွေကြောင့် ကိုယ်တွေမြန်မာ့ရိုးရာ သင်္ကြန်ဟာ PDF တွေကြောင့်ပျောက်ပျက်မသွားစေချင်ပါ..
ပြည်သူတွေကလည်း အကြမ်းဖက်သတင်းတွေရတာနဲ့ နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့တွေကို သတင်းပေးပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွဲလိုက်ရအောင်….



