အနုပညာတင်ဆက်ဖျော်ဖြေမှုများတွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သရော်သည့်ပြကွက်များကို ရေးသားညွှန်ကြားသရုပ်ဆောင်မှုများကို မပြုလုပ်ဘဲ ရှောင်ကြည်ကြပါရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဖေဖော်ဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ထားသည်။ အနုပညာတင်ဆက်ဖျော်ဖြေမှုအချိုတွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သည့် သဘောမျိုးဖြင့် တင်ဆက်ဖျော်ဖြေမှုများကို တွေ့ရှိနေရကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။ ရုပ်ရှင်ဆင်ဆာအဖွဲအနေဖြင့်လည်း မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သရော်သည့် သရုပ်ဆောင်ကွက်များကို သရုပ်ပြသခြင်းမပြုရန် တားမြစ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။