


မနေ့က ညနေ ၄ နာရီခန့်တွင် ပေါက်မြို့နယ်၊ သပွတ်စုကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မသင်္ကာ တဲ ၁ လုံးအား တွေ့ရှိ၍ ဝင်ရောက်ရှာဖွေခဲ့ရာ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန်ပြုလုပ်ထားသော
- လက်လုပ်သေနတ် ၄ လက်
- လက်လုပ်မိုင်းမျိုးစုံ ၂၅ လုံး
- RPF လက်မောင်းတံဆိပ် ၂၀ စုံ
- ဝါးညှပ်ခလုပ် ၁၀ ခု
- ဆေးထိုးအပ်ဖြင့် ပြုလုပ်ထားသည့် တိုက်မိုင်းခလုပ် ၁၀ ခု
- ဆားကစ်အုံး ၂ ခု
- ဒီတိုနေတာ ၁၀ ချောင်း
- ယမ်းကြိုး ၁ ခွေ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။