

အမေရိကန်စစ်တပ်ရဲ့ HH60 Black Hawk စစ်ရဟတ်ယာဉ်နှစ်စီးတိုဟာ မတ်လ ၂၉ ရက်၊ ည ၁၀ နာရီအချိန်ခန့်မှာ လေ့ကျင့်ပျံသန်းနေစဥ် အချင်းချင်းတိုက်မိခဲ့ပြီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံးလူ (၉) ဦးသေဆုံးခဲ့တယ်လို့ ဒေးလီမေးလ်သတင်းစာရဲ့ ဖော်ပြမှုအရ သိရပါတယ်။
အဆိုပါဖြစ်စဥ်ဟာ ကင်တပ်ကီပြည်နယ်၊ ထရစ်စီရင်စုမှာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမှတ် ၁၀၁ လေကြောင်းချီတပ်မရဲ့လက်အောက်မှာပျံသန်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတယ်လိုလည်း သိရပေမယ့် ရဟတ်ယာဉ်တွေပေါ် လူဘယ်နှစ်ဦးလိုက်ပါသွားသလဲဆိုတာကိုတော့ အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။