🟢 စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ တိုးချဲ့ရပ်ကွက်ရှိ မြို့နယ် စိုက်ပျိုးရေး/မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးအား PDF များက မီးရှို့ဖျက်ဆီး။
🔸 မကွေးတိုင်း ရေစကြိုမြို့ ဖူလုံကျေးရွာအနီး PDF အကြမ်းဖက် ကျား- ၁ ဦးအား ဖမ်းဆီးရမိ။
🟢 နွားထိုးကြီးမြို့နယ်အတွင်း မန္တလေး-မြင်းခြံလမ်း၌ သာသနာပိုင်ယာဉ်အား PDF များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ၁ပါးနှင့် အရပ်သား ၁ဦး စိုးရိမ်ရ ဒဏ်ရာများရရှိ။
🔸 ရန်ကုန်တိုင်း ထန်းတပင်မြို့ ဆတ်ကလေးကျေးရွာရှိ Mytelတာဝါတိုင်အား PDF အကြမ်းဖက်များမှ မိုင်းခွဲ ဖျက်ဆီးသွားကြောင်း။
🟢 ပဲခူးတိုင်း ရေနီမြို့နယ် အမှတ်၂ စက္ကူစက်ရုံ BEစက်ရုံဟောင်းမြောက်ဘက်ရှိ ရေသန့်စက်ရုံမြောက်ဘက် အင်တောအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံးကျရောက်ပေါက်ကွဲ။
🔸 ချမ်းအေးသာစံမြို့နယ် ၈၅x၃၂ လမ်းထောင့်ရှိ ရွှေသန့်စင်ရောင်းဝယ်ရေးဆိုင်အား အကြမ်းဖက် PDF များမှ ဓါးပြတိုက်လုယက်မှုဖြစ်ပွားကာ တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်း။
🟢 ရွှေဘိုမြို့ရှိ ကားကွင်းအနီး ချောင်းကူးတံတားပေါ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသွားပြည်သူ ကလေးငယ်(၂)ဦးအပါအဝင် (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိကာ (၁)ဦးသေဆုံး။
🔸 မင်္ဂလာတောင်ညွန့်မြို့နယ် မလွှဲကုန်းရပ်ကွက် မီးရထားဝင်းတွင် ပုတ်ပွနေသော လူသေအမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ။
🟢 ပုလဲမြို့ စည်ပင်ရုံးဝန်ထမ်း ၁ဦးအား အကြမ်းဖက် PDF များက ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်သွားကြောင်း။
🔸 ကနီမြို့ပေါ်သို့ အကြမ်းဖက် PDF များက ရှော့တိုက်ဒုန်း ၅ လုံးဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွား။
🟢 ကနီမြို့နယ် ရေလည်ကျွန်းရွာကို အကြမ်းဖက် PDF များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။
🔸 ယင်းမာပင်မြို့ပေါ်သို့ PDF အကြမ်းဖက်များမှ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့။
🟢 မန္တလေးတိုင်း မြင်းခြံမြို့နယ် ဂင့်ဂဲကျေးရွာနှင့် ကိုင်းကျေးရွာရှိ ပြည်သူများ၏ နေအိမ်များအား အကြမ်းဖက် PDF အဖွဲ့မှ Drone ဖြင့် ဗုံးချဖောက်ခွဲမှုပြုလုပ်။
🔸 တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် အရှေ့မြင်းပြိုင်ကွင်းလမ်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွာပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မ-၁ဦး ထိခိုက်ဒဏ်ရာရရှိ။
🟢 စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာအနီး PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ။
🔸 မှော်ဘီမြို့၏ အနောက်မြောက်ဘက် (၁၂)မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၇) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း။
🟢 မြဝတီမြို့နယ် (၅)ရပ်ကွက် အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား၌ PDF အကြမ်းဖက် ကူညီထောက်ပံ့သူ အမျိုးသား ၁ဦးအား ဖမ်းဆီးရမိ။
🔸 မလှိုင်မြို့နယ် မလှိုင်-ကျောက်တန်းကားလမ်း၌ မလှိုင်မြို့ အမှတ်(၃)ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးအား PDF များမှ ပစ်ခတ်သတ်ဖြတ်။
🟢 ပဲခူးတိုင်း ကျောက်တံခါးမြို့ ငါးဖယ်အင်းကျေးရွာအထွက်၌ အကြမ်းဖက် PDF များထောင်ထားသောမိုင်းအား နင်းမိ၍ အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရရှိ။
🔸 မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ကုလကျေးရွာ၌ အသက် ၆၈ နှစ်အရွယ် အမျိုးသား ၁ဦးအား PDF များမှ ပစ်ခတ်သတ်ဖြတ်ကာ ရွှေထည်များအား လုယက်ယူဆောင်သွား။
🟢 သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအနီး သထုံ-မော်လမြိုင် ၂၃၀ KV ဓာတ်အားလိုင်းတိုင်အမှတ် (၁၇)နှင့် (၁၈)တို့၌ ဗုံးဖောက်ခွဲခံရမှု ဖြစ်ပွား။
🔸 မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်းစစ်ဆေးဂိတ်အား အကြမ်းဖက် PDF များက Drone ဖြင့် ဗုံးချဖောက်ခွဲမှုပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ဦး ထိခိုက်။
🟢 ပျော်ဘွယ်မြို့နယ်ရှိ ညောင်ကုန်းတိုက်နယ်ရဲစခန်းအား PDF အကြမ်းဖက်များမှ ပစ်ခတ်တိုက်ခိုက်။
🔸 စစ်ကိုင်းမြို့ တကောင်းရပ်ကွက်ရှိ ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်အား PDF အကြမ်းဖက်များက လက်လုပ်ဗုံးဖြင့် ပစ်ခတ် ထွက်ပြေးသွားကြောင်း။
🟢 ချင်းပြည်နယ် မတူပီမြို့နယ် ဝလံပီးကျေးရွာအနီးတွင် CDF သောင်းကျန်းသူများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး Drone နှင့် လက်နက်များ သိမ်းဆည်းရမိ။
🔸 အလုံမြို့နယ် ဌာနာရပ်ကွက် အလုံလမ်း မီးရထားသံလမ်းဟောင်းနှင့် ဇမ္ဗူရတနာကျောင်းတိုက်ကြား လက်လုပ်မိုင်း ၁လုံးတွေ့ရှိ။
🟢 မကွေးတိုင်း ရေစကြိုမြို့နယ် ဂွေးချိုကျေးရွာ ပြည်သူ့စစ်စခန်းအား PDF များက Drone များဖြင့် ဗုံးချဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း။
နိုင်ငံတကာသတင်းများ
🌍 အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီ ဖြုတ်ချခံရပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝန်း၌ ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိနေ။
🌍 အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ် ကျောင်းတစ်ကျောင်းတွင် လူအစုလိုက်အပြုံလိုက်အား ပစ်ခတ်မှုကြောင့် လူခြောက်ဦးသေဆုံး။
🌍 ရုရှားကုမ္ပဏီတစ်ခုက Chat GPT နှင့်အပြိုင် ပုံစံတူစနစ်တစ်ခုကို ထုတ်ဖော်ပြသ။
🌍 ယူကရိန်းအပေါ် ထောက်ပံ့ပေးနေရမှုအပေါ် လူထုအမြင်ဆုတ်ယုတ်နေပြီလို စလိုဗက်သမ္မတပြောဆို။