ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများသည် ၂၀၂၃ မတ် ၂၅ ရက်နေ့တွင် လွိုင်ကော်မြို့ပေါ်ရပ်ကွက်ရှိ တိုက်ပွဲရှောင်နေရာများသို့ သွားရောက်၍ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါတယ်-
မင်္ဂလာရပ်ကွက်၊ နောင်ယား(ခ)ရပ်ကွက် နှင့် နမ့်ဘော်ဝမ်(က)ရပ်ကွက်ရှိ တိုက်ပွဲရှောင်(၅၀၇) ဦး တို့အား တိုက်ပွဲရှောင်တစ်ဦးလျှင် ဆန်(၃)ပြည်၊ အိမ်ထောင်စု (၁)စု လျှင် ကုလားပဲ(၁)ပြည်၊ ဆီ(၅၀)ကျပ်သား (၁)ဘူး၊ ဆား(၂၅)ကျပ်သား (၁)ထုပ် တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။




