တပ်ကုန်းမြိုနယ်၊ ရေအေးကျေးရွာမှ ဆရာတော် ဦးဥတ္တရ သည် ဟာသ အနုပညာရှင်များအား သိဒ္ဓိတင်ပေးနေသည့် ရုပ်သံ မှတ်တမ်း လိုင်းပေါ်တွင် ပျံ့နှံခဲ့ပြီး ဆရာတော်က ပန်းကုံးများဖြင့် ရွှေထည်ပစ္စည်းများဝတ်ဆင်ထားသည့်အပေါ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးခဲ့ပြီး ယမန်နေ့ က သံဃနာယက ဆရာတော်များက ခေါ်ယူ၍ သြဝါဒပေးခဲ့ပြီး နောက်နောင် ယခု ကဲ့သို မပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးသွားကြောင်း သိရသည်။
ရွှေထည်ပစ္စည်းများ ဝတ်ဆင်၍ ဒကာ၊ ဒကာမများအား လက်ဝါးပေါ် ဆေးပွတ်ပေးနေသည့် ရုပ်သံမှတ်တမ်းတွင် ကြာနီကန်ဆရာတော်၏ တရားတော်များကို ပျက်လုံးထုတ်ခဲ့သော မိုးတိမ်၊ ဒဲ့ဒိုးတို ပါဝင်သည်ကို တွေ့ရသည်။
ရွှေထည်များဝတ်ဆင်၍ သိဒ္ဓိတင်ပေးခဲ့သည် ဆရာတော်ကို သံဃနာယကအဖွဲ့က ခေါ်ယူဆုံးမ
