တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာမှ ဆရာတော် ဦးဥတ္တရ သည် ဟာသအနုပညာရှင်များအား သိဒ္ဓိတင်ပေးနေသည့် ရုပ်သံ မှတ်တမ်း လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ဆရာတော်က ပန်းကုံးများဖြင့် ရွှေထည်ပစ္စည်းများဝတ်ဆင်ထားသည့်အပေါ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးခဲ့ပြီး ယမန်နေ့က သံဃနာယက ဆရာတော်များက ခေါ်ယူ၍ သြဝါဒပေးခဲ့ပြီး နောက်နောင် ယခု ကဲ့သို့ မပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးသွားကြောင်း သိရသည်။
ရွှေထည်ပစ္စည်းများ ဝတ်ဆင်၍ ဒကာ၊ ဒကာမများအား လက်ဝါးပေါ် ဆေးပွတ်ပေးနေသည့် ရုပ်သံမှတ်တမ်းတွင် ကြာနီကန်ဆရာတော်၏ တရားတော်များကို ပျက်လုံးထုတ်ခဲ့သော မိုးတိမ်၊ ဒဲ့ဒိုးတို့ ပါဝင်သည်ကို တွေ့ရသည်။
MNP



