



မိုင်းဖုန်းဆရာတော်ကြီးသည် မတ် ၁၄ ရက်က ထိုင်းနိုင်ငံ၊မယ်ဆိုင်မြိုမှတဆင့် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျှံသို ကြွရောက်တော်မူခဲ့ရာ RCSS/SSA ဥက္ကဋ္ဌနှင့်ဒေသခံများက ကြိုဆိုဖူးမြှော်ခဲ့ကြသည်။
မိုင်းဖုန်းဆရာတော်ကြီးသည် တာချီလိတ်မြို၊မိုင်းဖုန်း(က)အုပ်စု၊တပင်တိုင်မြနန်းတွင် သီတင်းသုံးနေရာမှ မတ် ၁၃ ရက်နေ့လယ်ပိုင်းတွင် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)မှတဆင့် ထိုင်းနိုင်ငံ၊မယ်ဆိုင်မြိုသို့ ကြွရောက်တော်မူခဲ့သည်။
မယ်ဆိုင်မြိုသို့ ကြွရောက်တော်မူလာသည့် မိုင်းဖုန်းဆရာတော်ကြီးအား လမ်းတစ်လျှောက်၌ ထိုင်းနိုင်ငံသားများက ဖူးမြှော်ကြည်ညိုခဲ့ကြသည်။