အရသာရှိတဲ့ ပျားရည်ကြက်ကြော်လေး လုပ်စားကြရအောင်…
ပျားရည်အရသာ ချိုချိုနဲ့ ပျားရည်ကြက်သားကြော်လေးပါ။
ကလေးငယ်တွေကြိုက်တဲ့ ဟင်းလေးတခွက်လည်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ပေါင်သား (အရိုးထုတ်ပြီး) – ၂ပေါင်
ဆော့စ်ဖျော်ရန် သကြား – ၂ ဇွန်း (စားပွဲတင်ဇွန်း)
ပျားရည် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
ဆား – အနည်းငယ်
ခရမ်းချဉ်သီးဆော့စ် (tomato ketchup) – ၃ ဇွန်း (စားပွဲတင်ဇွန်း)
ရေ – ခွက်လေးပုံ၁ပုံ ကော်ရည် – ကော်မှုန့် ၁ ဇွန်း + ရေ ၃ ဇွန်း
ကြက်သားနှပ်ရန် ပဲငံပြာရည်အကြည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဟင်းချက်အရက် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ကြက်သွန်ဖြူမှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ငရုတ်ကောင်းမှုန့်အဖြူ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
မုန့်နှစ်စပ်ရန် ဂျုံမှုန့် – ခွက် တဝက်
ပြောင်းကော်မှုန့် (သို့) အကြော်ခံမှုန့် – ခွက် ၄ပုံ၁ပုံ
ဆား – အနည်းငယ်
Baking powder – လက်ဖက်ရည်ဇွန်း (၁)ဇွန်း
ကြက်ဥ – ၁ လုံး
ဆီ – ၂ ဇွန်း (စားပွဲတင်ဇွန်း) နဲ့ ကြော်ရန်ဆီတို့လိုအပ်ပါတယ်။