ဖေဖော်ဝါရီ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ရွာကို မီးရှို့နေသော တပ်မတော်တပ်ဖွဲ့ဝင်များကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုမှာ စစ်သား ၂၅ ဦးသေဆုံးခဲ့တယ်လို Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
ဒီသတင်းအား စိစစ်ရာတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တပ်မတော်သား တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရာ ပေါက်ချိုင်ရွာအနီးတွင် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း PDF များ အထိနာ၍ ထွက်ပြေးရာ ရွာလမ်းတစ်လျှောက်ရှိ နေအိမ်များအား မီးရှို့သွားခြင်းဖြစ်ကြောင်း၊ တပ်မတော်တပ်ဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းစဉ် PDFများ ပုန်းခိုနေထိုင်ခဲ့သော စာသင်ကျောင်းအတွင်းမှ လက်လုပ်သေနတ် ၃၁ လက်၊ လက်လုပ်
ရှော့တိုက်ပြောင်း ၈ လက်၊ လက်လုပ် စိန်ပြောင်း ဗုံးသီး ၅ လုံး၊ လက်လုပ်မိုင်း ၂၁ လုံး၊ လက်လုပ် drop bomb ၄ လုံး၊ မိုင်းရှာစက် ၁ လုံးနှင့် အခြားဆက်စပ် ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် တပ်မတော်သားတပ်ဖွဲ့ဝင် ၂ ဦး ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း
သတင်းများအရ သိရှိရပါတယ်။
PDF များရဲ့ ယုတ်မာတဲ့ လုပ်ရပ်ကို အမှန်မရေးဘဲ Khit Thit Media မှ တပ်မတော်တပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများ နာကျည်းမုန်းတီးစေရန် ရည်ရွယ်ပြီး ဖြစ်စဉ်ကို လိမ်ညာရေးသားထားခြင်း၊ တပ်မတော်တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးတယ်ဆိုတာကလည်း လုပ်ကြံရေးသားခြင်းသာဖြစ်ပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm