ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူ လူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ညီလာခံ သည် မြန်မာ့ဆေးပညာလောကအတွက် အစဉ်အလာကြီးမားသည့် ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖြစ်၍ ထူးချွန်သော မြန်မာ့ကျန်းမာရေးသုတေသီတို့အတွက် ဂုဏ်ယူပါကြောင်း၊ ယခုနှစ်ညီလာခံ၏ အဓိက ဦးတည်ချက်ခေါင်းစဉ် (Theme) အဖြစ် “တိရစ္ဆာန်မှတဆင့် ကူးစက်နိုင်သောရောဂါများကို တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့” ဟုသတ်မှတ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်အချိုးကျဆက်စပ်နေသဖြင့် သုတေသနပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ သုတေသနများဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့်ပြည်သူလူထုအတွက် အကျိုးရှိမည့် ကျန်းမာရေး သုတေသနများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သုတေသနစာတမ်းရှင်များအနေဖြင့် ကျန်းမာရေး အသိပညာဖလှယ်မှု ပိုမိုခိုင်မာ ကျယ်ပြန့်လာစေရန် ညီလာခံသို့ စာတမ်းတင်သွင်းရုံမျှမကပဲ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနတွေ့ရှိချက်များကို ဖော်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။
Related Posts
သံတွဲမြို့နယ် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
- ပုည
- March 5, 2023
တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရာ ဆေးကုသမှုဆိုင်ရာရောဂါ ၃၅၁ ဦး၊ ခွဲစိတ်ရောဂါ ၆၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၅ ဦး၊ ကလေးရောဂါ ၆၆ […]
ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ အတွေးအမြင်
- admin
- July 18, 2023
၁။ အခုလိုကမ္ဘာပေါ်မှာ ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး ဖြစ်လာဖို့ဆိုတာ လွယ်လွယ်နဲ့ဖြစ်လာတာမဟုတ်သလို ဆင်းတုတော်အပိုင်း၊ ပလ္လင်တော် အပိုင်းစတဲ့ ကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်လမ်း ကြောင်းများဖြင့် အခက်အခဲများကြားမှ […]
နေပြည်တော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
- အေးခင်
- September 19, 2024
နေပြည်တော်တိုင်း စစ်ဌာနချုပ် မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာ အုပ်စု၊ ပိတောက်စမ်း ကျေးရွာတွင် ရေဘေးသင့်ပြည်သူများနှင့် ရွာသူ/ရွာသား ၇၄ ဦးအား လိုအပ်သော ကျန်းမာရေး […]