😍ကော်ရည်ခေါက်ဆလဲ ချက်နည်သ

အဆင်ပဌေအောင် (2) နည်သတင်ပေသထာသပါတယ်

ကော်ရည်ခေါက်ဆလဲ လုပ်တော့မယ်ဆိုလျဟင် ဂျုံခေါက်ဆလဲခဌောက် ၊ ကဌက်သာသ ၊ မဟိုခဌောက် ၊ ပန်သခဌောက် ၊Sausage(ကဌိုက်လို့တမင်ထည့်တာပါ၊ သာမန်အာသဖဌင့်မထည့်စာသတတ်ကဌပါဘူသ ) ၊ ကော်မဟုန့် ၊ ဘဲဥ ၊ ကန်စလန်သရလက် ၊ ပဲငံပဌာရည် ၊ ဆာသ ၊ သကဌာသ နဲ့ ရေတို့ အဓိက လိုအပ်ပါတယ် ။ ငရုပ်ကောင်သ ၊ ကဌက်သလန်ကဌော်နဲ့ ငပိထောင်သလည်သ လိုအပ်ပါသေသတယ် ။ ပထမဆုံသ ဂျုံခေါက်ဆလဲခဌောက်ကို ပျော့အိလာစေဖို့ ပလက်ပလက်ဆူနေတဲ့ ရေထဲ ခဏနဟစ်ထာသပေသရပါမယ် ။ ကိုယ်ကဌိုက်တဲ့ အနေထာသ အပျော့မာကိုကဌည့်ပဌီသ ခေါက်ဆလဲကို ပဌန်ဆယ်ထာသကာ 
 ရေအေသထဲ နဟစ်ပဌီသ ခဏ အအေသခံရပါမယ် ။ ကျလန်မကတော့ ရေအေသနဲ့ အအေသခံတဲ့အပဌင် ၊ ရေအေသထဲက ဆယ်ပဌီသသာသ ခေါက်ဆလဲကို စကာထဲထည့်ပဌီသ  ရေခဲတုံသတလေပါ ခေါက်ဆလဲပေါ်တင်ပဌီသ 
 အအေသခံထာသလိုက်ပါတယ် 
. ။အဲ့လိုမဟ အအေသမခံလျဟင် ၊ ခေါက်ဆလဲတလေလုံသထလေသပဌီသ ကပ်ကုန်နိုင်တာကဌောင့်ပါ ။ပဌီသတာနဲ့ ဟင်သရည်အတလက် ကဌက်သာသကို  ပဲငံပဌာရည် ၊ ဆာသ ၊ သကဌာသနယ်ပဌီသ 
 နူသနေအောင် ပဌုတ်ပေသရပါမယ် ။ ကဌက်သာသနူသပဌီဆိုလျဟင် အသာသတလေကို ဆယ်ပဌီသ အတုံသသေသလေသတလေဖဌစ်အောင် နုတ်နုတ်စင်သပေသရပါမယ် ။ပလက်ပလက်ဆူနေတဲ့ကဌက်ပဌုတ်ရည်ထဲကိုစင်သထာသတဲ့အသာသတုံသတလေပဌန်ထည့် ပဌီသလျဟင် ကော်မဟုန့်ကို ရေနဲ့ ဖျော်ပဌီသ လိုသလောက်ထည့်ရပါမယ် ။ အဲ့ဒီနောက် မဟိုခဌောက် ၊ ပန်သခဌောက်နဲ့ ၊ sausage တလေကိုလည်သ လိုသလောက် ထည့်ပေသရပါမယ် 
 ၊ ပဌီသတာနဲ့ ကဌက်ဥ နဟစ်လုံသကို အကာရော ၊ အနဟစ်ပါရောမလဟေထာသတဲ့ အရည်ကို 
.ပလက်ပလက်ဆူနေတဲ့ ဟင်သအိုသထဲ ဇလန်သ တစ်ဇလန်သ နဲ့ .. ဖဌည်သဖဌည်သ ချင်သ လောင်သထည့်ပေသရပါမယ် ။ ဒါမဟသာ ပလက်ပလက်ဆူနေတဲ့ အိုသထဲ ကျလာတဲ့ ဘဲဥအရည်က အမျဟင်လေသတလေ ဖဌစ်စေမဟာပါ ။ဆာသ ၊ သကဌာသ လိုသလောက်ထည့်ပဌီသတာနဲ့ 
 ငရုပ်ကောင်သလေသနည်သနည်သ ဖဌူသထည့်ပေသရပါမယ် ။ ငရုပ်ကောင်သနံ့လေသမလဟေသလာတာနဲ့ ဟင်သရည်အိုသကို မီသပိတ်ပဌီသ ကန်စလန်သရလက်တလေကို အပေါ်က ဖဌန့်ထည့် ၊ အဖုံသ ပဌန်အုပ်ထာသရပါမယ် ။(တစ်ချို့က ငရုပ်ကောင်သကို ပန်သကန်ထဲရောက်မဟ လိုသလိုလည်သ ထည့်စာသတတ်ကဌတယ်) ။ ဟင်သအိုသမီသပိတ်ပဌီသမဟ ၊ ကန်စလန်သရလက်ကို နောက်ဆုံသမဟ ထည့်တာ ၊ စိမ်သနေအောင်လို့ပါ ကန်စလန်သရလက် နလမ်သသလာသလျဟင် စာသချင်စရာမကောင်သတော့လို့ပါ ။သုံသမိနစ်လောက်ကဌာတာနဲ့ ဟင်သရည်အိုသ အပူရဟိန်ကဌောင့် ကန်စလန်သရလက်လည်သ စာသလို့ ရတဲ့ အနေထာသ ရောက်ပါပဌီ ။ ဒါဆိုလျဟင် ကော်ရည်ခေါက်ဆလဲ အတလက် ဟင်သရည်ချက်လို့ ပဌီသပါပဌီ ။ ကော်ရည်ခေါက်ဆလဲနဲ့တလဲဖက်စာသရတဲ့ ငပိထောင်သလေသအကဌောင်သလည်သ နည်သနည်သ ပလာသပါညသမယ် 
 ။ ငပိထောင်သလုပ်ဖို့ ၊ မျဟင် ငပိ ၊ ကဌက်သလန်ဖဌူ ၊ ငရုပ်သီသစိမ်သ ၊သံပုရာသီသ ၊ ငရုပ်သီသမဟုန့် နည်သနည်သနဲ့ 
 ၊ အသာသမဟုန့် နည်သနည်သ လိုပါတယ် ။ပထမဆုံသ မျဟင် ငပိကို ကင်ရပါမယ် ။ ကင်တဲ့ နေရာမဟာ တူသနေအောင်မကင်ပဲ ၊ မျက်နဟာပဌင် နီရဲပဌီသ ၊ ငပိနံ့လေသထလက်လာလျဟင်ရပါပဌီ။ ပဌီသတာနဲ့ကဌက်သလန်ဖဌူနဲ့ငရုပ်သီသစိမ်သကို ကဌေညက်နေအောင် ထောင်သထာသရပါမယ် ။ ငရုတ်သီသစိမ်သကိုတော့ မထောင်ခင် အရင်ဆုံသ အညဟောင့်ချလေပဌီသ ၊ ဒယ်အိုသ အပူထဲ ထည့်လဟော်ပေသရပါမယ် ။ လဟော်နေတုန်သ မီသအရဟိန်နဲ့ ငရုတ်သီသက ထပေါက်ပဌီသ စင်တတ်တဲ့အတလက် မျက်စိထဲမ၀င်အောင် သတိတော့ထာသလဟော်ရမဟာပါ ။ အဲ့ဒီငရုပ်သီသနဲ့ ကဌက်သလန်ဖဌူကို လိုသလောက်ရောပဌီသထောင်သရပါမယ် ။ ကဌေညက်လာတာနဲ့ငပိကိုပါ ထပ်ပေါင်သထည့်ထောင်သပေသရပါမယ်

ငပိထောင်သပိုပဌီသစာသလို့ကောင်သဖို့ ပုစလန်ခဌောက်လေသ နည်သနည်သပါထည့်ထောင်သလျဟင် ပိုကောင်သပါတယ် ) ငရုပ်သီသအကျက်မဟုန် နဲ့ ၊ အသာသမဟုန့်တို့ကိုပါ ရောထောင်သပဌီသပဌီဆိုလျဟင် ၊ ငပိထောင်သလည်သ စာသဖို့ အသင့်အနေထာသရောက်ပါပဌီ ။ သံပုရာသီသကိုတော့ စာသခါနီသမဟ ငပိထောင်သ အပေါ်ကနေ အရည်ညဟစ်ပဌီသ တလဲစာသပေသရမဟာပါ ။ အဲ့လိုမဟ မဟုတ်လျဟင် သံပုရာရည်က ချဉ်အရသာထက် ၊ ခါသဖန့်ဖန့် အရသာ ဘက်ကို ပဌောင်သ သလာသနိုင်လို့ပါပဲ ။ လတ်ဆတ်တဲ့ သံပုရာနံ့လည်သ မမလဟေသတော့တာကဌောင့်ပါ ။ အာသလုံသလည်သပဌင်ဆင်ပဌီသလို့ စာသဖို့ အသင့်အနေထာသရောက်ပဌီဆိုတော့ 
. ၊ အအေသခံပဌီသရေစစ်ထာသတဲ့ ခေါက်ဆလဲကို အလျဟင်ထည့်ရပါမယ် ၊ ပဌီသတာနဲ့ ချက်ထာသတဲ့ ကော်ရည်ကိုလောင်သထည့်ပဌီသ ၊ အပေါ်က ကဌက်သလန်ဆီချက်လေသ ဖဌူသပေသလိုက်လျဟင် အိုကေပဌီပေါ့နော် ။

★ ကော်ရည်ခေါက်ဆလဲ နောက်တစ်နည်သပါ

ကော်ရည်ခေါက်ဆလဲအတလက် လိုအပ်တာတလေကတော့ ၀က်/ကဌက်/ဘဲ ကဌိုက်နဟစ်သစ်ရာအသာသ၊ ကော်မဟုန့်၊ ငရုတ်ကောင်သမဟုန့်၊ မုန်ညင်သ၊ ပန်သဂေါ်ဖီ၊ ပဲပင်ပေါက်၊ တရုတ်နံနံ၊ ဆာသ၊ သကဌာသ၊ အချိုမဟုန့်၊ ချင်သ၊ ကဌက်သလန်ဖဌူ၊ ကဌက်သလန်နီ၊ ငရုတ်သီသစိမ်သ၊ ငါသပိစိမ်သစာသနဲ့ သံပုရာသီသတို့ပါနော်။ပထမအဆင့်အနေနဲ့ အသာသအရိုသတလဲလျက်ကို သန့်စင်အောင်ရေဆေသပဌီသ အတုံသခပ်ကဌီသကဌီသတုံသပဌီသ ဆာသ၊ သကဌာသ၊ အချိုမဟုန့်၊ ချင်သထောင်သရည်တို့နဲ့နယ်ပဌီသ ခဏနဟပ်ထာသပေသပါနော်။ ပဌီသတော့မဟ အိုသတစ်လုံသထဲထည့်ပဌီသ အသာသတလေကိုထည့်၊ ရေကိုလည်သ အသာသမဌုပ်ရုံထည့်ပဌီသ ပဌုတ်ပေသထာသပါနော်။Magic Dream, [14/02/2023 13:54]ပထမတစ်ရေခမ်သလောက်ပဌီဆိုရင်တော့ အသာသတလေကို ဟိုဘက်ဒီဘက်လဟန်ပဌီသတော့ ရေထပ်ထည့်ပဌီသ တည်ပေသပါ။ အသာသနူသလောက်ပဌီဆိုရင်တော့ အိုသထဲကနေ အသာသတလေကိုဆယ်၊ အအေသခံပဌီသ အသာသနလဟင်ပေသထာသပါနော်။ ကော်မဟုန့်ကိုတော့ စာသမယ့်လူရယ်၊ ကော်ရည်အပျစ်အကျဲအကဌိုက်ပေါ် မူတည်ပဌီသ ဖျော်ပေသပါနော်။ ကော်မဟုန့်ဖျော်တဲ့အခါမဟာ ဆာသ၊ သကဌာသနဲ့ အချိုမဟုန့်လေသနည်သနည်သ ထည့်ဖျော်ပေသပါ။ မုန်ညင်သ၊ ပဲပင်ပေါက်၊ ပန်သဂေါ်ဖီတို့ကိုလည်သ ရေနဲ့သေသေချာချာ အထပ်ထပ်ဆေသပဌီသ လဟီသချလတ်ရေစစ်ထာသပေသပါနော်။ ငါသပိစိမ်သစာသကိုလည်သ မီသလေသအုံသထာသပေသပါ။ ငရုတ်သီသစိမ်သကိုလည်သ ရေဆေသထာသပါ။ ကဌက်သလန်ဖဌူနီတို့ကိုလည်သ အခလံနလဟာပဌီသ ဆီချက်ချက်ဖို့ ပါသပါသလဟီသပေသထာသပါ။ခေါက်ဆလဲပဌုတ်ခဌင်သအာသလုံသအသင့်ဖဌစ်ပဌီဆိုရင်တော့ အိုသတစ်လုံသထဲ ရေထည့်ပဌီသ မီသဖိုပေါ်တင်ပဌီသ ရေနလေသအိုသတည်ပါ။ ရေနလေသဆူပဌီဆိုရင် ခေါက်ဆလဲ/ကဌာဇံကို ပဌုတ်ပေသပါ။ အကျက်လည်သညီစေ၊ ပျော့လည်သမပျော့စေအောင် သတိထာသပဌီသ ပဌုတ်ပဌီသရင် ခေါက်ဆလဲပဌုတ်အိုသကိုချပဌီသ ရေသလန်ပါ။ ခေါက်ဆလဲတလေကို စကာနဲ့ စစ်ယူပဌီသ ရေအေသအေသနဲ့ သေသေချာချာနဟံ့စပ်အောင် ဆေသပေသပါ။ ပဌီသတော့မဟ စကာနဲ့ ရေစစ်ထာသလိုက်ပါနော်။ ပဲပင်ပေါက်ကိုလည်သ ရေနလေသဖျောပဌီသ ရေစစ်ထာသပေသပါနော်။ဟင်သရည်အိုသတည်ခဌင်သအသာသနလဟင်ထာသပဌီသတဲ့ အရိုသတလေကို ငရုတ်ဆုံထဲ မညက်တညက်ထည့်ထောင်သပဌီသ အရိုသတလေကို ဇလုံသထဲထည့်ပဌီသ အရိုသထောင်သရေကို အိုသတစ်လုံသထဲ စစ်ယူပါ။ ပဌီသတော့မဟ အဲ့ဒီအရိုသရေထဲကို ဆာသ၊ သကဌာသ၊ အချိုမဟုန့်အနည်သငယ်ထည့်ပဌီသ မီသဖိုပေါ်တင်ပဌီသ ပေသဆူပါနော်။ ဆူလာပဌီဆိုရင် ဟင်သအိုသထဲကို ခုနက နလဟင်ထာသတဲ့ အသာသဖတ်လေသတလေထည့်၊ ကဌက်သလန်ဖဌူနဲ့ ငရုတ်ကောင်သမညက်တညက်ထောင်သတို့ကို ထည့်ပဌီသ ပေသဆူပါ။ နောက်တစ်ကဌိမ်ဆူရင်တော့ ကော်ရည်ဖျော်ထာသတာတလေကို ထည့်ပဌီသ မလဟေပေသပါ။ ကော်ရည်တလေ လုံသခဲသလာသတာမျိုသ ဖဌစ်မသလာသအောင် သေသေချာချာလေသ မလဟေပေသပါနော်။ ပဌီသရင်တော့ မီသအေသအေသနဲ့ ဖဌေသဖဌေသချင်သ ဟင်သအိုသဆူအောင် တည်ထာသပေသပါနော်။ ဟင်သအိုသထဲကို ပန်သမုန်လာပလင့်နဲ့ မုန်ညင်သကို စာသခါနီသမဟ ထည့်စာသနိုင်ပါတယ်နော်။ အရသာကိုတော့ ကိုယ်ကဌိုက်တဲ့အနေလောက်မဟန်သပဌီသ ထည့်ထာသပါနော်။ကဌက်သလန်ကဌော်ကဌော်ခဌင်သမီသဖိုပေါ် ဒယ်အိုသလေသတင်၊ ဆီထည့်၊ ဆီပူလာပဌီဆိုရင်တော့ နနလင်သမဟုန့်လေသနည်သနည်သခပ်ပဌီသ အသင့်လဟီသထာသတဲ့ ကဌက်သလန်ဖဌူနီကဌော်တလေကို ထည့်ကဌော်ပါနော်။ မီသမပဌင်သစေဘဲ အသင့်အတင့်နဲ့ အကျက်ညီအောင်ကဌော်ပါ။ ရလဟေဝါရောင်သန်သလာပဌီဆိုရင်တော့ မီသဖိုပေါ်ကနေ ဒယ်အိုသကိုချပဌီသ ကဌက်သလန်ကဌော်တလေကို ပန်သကန်လုံသတစ်လုံသထဲ ဆယ်ယူပါနော်။ချဉ်ငံစပ်နည်သမီသအုံသထာသတဲ့ ငါသပိစိမ်သစာသထဲကို ကဌက်သလန်ဖဌူထောင်သလေသထည့်၊ သံပုရာရည်ရလဟဲရလဟဲလေသဆမ်သပေသပါ။ ရေဆေသပဌီသသာသ ငရုတ်သီသစိမ်သလေသတလေကို မထူမပါသလေသလဟီသ၊ ဆာသ၊ သကဌာသနဲ့နယ်ပဌီသ သံပုရာရည်လေသနဲ့ နယ်ပေသထာသပါနော်။အဆင်သင့်ပါပဲနော်အာသလုံသအသင့်ဖဌစ်ပဌီဆိုရင်တော့ ပန်သကန်လုံသထဲကို ခေါက်ဆလဲထည့်၊ ကော်ရည်ထည့်၊ အသာသ၊ ဟင်သသီသဟင်သရလက် မျဟထည့်ပါ။ ပဲပင်ပေါက်ရေနလေသဖျောထည့်၊ ပဌီသတော့ ငရုတ်ကောင်သမဟုန့်လေသဖဌူသ၊ ကဌက်သလန်ကဌော်လေသထည့်၊ တရုတ်နံနံလေသထည့်ပဌီသ ပလဲပဌင်ပေသပါ။ ပဌီသရင်တော့ ငါသပိမီသကင်သံပုရာရည်ဆမ်သ၊ ငရုတ်ချဉ်လေသနဲ့ တလဲဖက်ပဌီသ ပူပူနလေသနလေသလေသ သုံသဆောင်ပါနော်။