လူငယ်ထုတစ်ရပ်လုံးအတွင်း ကောင်းမွန်သောစာရိတ္တများပြည့်စုံရှင်သန်စေရန် ရည်ရွယ်ကာ စာရိတ္တအသိပညာပေး Talk Showကို ကျင်းပပြုလုပ်ပေးပြီး သင်ကြား၊ဆုံးမ လမ်းညွှန်မှု့များနှင့်ပတ်သတ်ပြီး အသိပညာပေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။စာရေးဆရာမ မြမဉ္ဇဝေ (ကျုံမငေး)က စာရိတ္တဟူသည် အမူအကျင့်,ကိုယ်ကျင့်တရားနှင့် ဆက်လက်နွယ်နေသည့် အရာပင်ဖြစ်သလို နိူင်ငံနှင့် လူမျိုးတိုးတက်ဖွံဖြိုးရေးတွင် စာရိတ္တသည် အလွန်ပင်အရေးပါကြောင်းရှင်းလင်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
