၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ကျရောက်သော (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအားဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဆူးဘိုကုန်းရပ်ကွက် အထက (၁) မြတ်ရတနာခန်းမ တွင် ၂ဝ၂၃ ဖေ ၀၇၀၈၀၀ ချိန် အခမ်းအနားစတင်ပြီး ပြည်ထောင်စုသမ္မတမြန်ိမာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မိုးလွင်မှ ဖတ်ကြား ခြင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှ ပေးပို့သည့်သဝဏ်လွှာအား ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဗိုလ်မှူး ထွန်းထွန်းဉီးမှ ဖတ်ကြားခဲ့ပြီး အထက ၁ ကျောင်းသား သူများမှ တို့ရှမ်းပြည်ပွဲတော် အထက ကြိုသက် ကျောင်းသား သူများမှထာဝရမြန်မာကမ္ဘာ ကျော်တဲ့ပွဲသီးချင်းများဖြင့်ကပြဖျော်ဖြေ၍ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအား ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ စစ်မှုထမ်းဟောင်း၊ တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ ရှမ်းပြည်နယ်နေ့အား ပင်းတယမြို့အပြင် ဆီဆိုင်၊ ရွာငံ ၊ ညောင်ရွှေမြို့နှင့် အခြားမြို့များတွင်လည်း ကျင်းပခဲ့ကြောင်း သိရှိရပါတယ်..







