မောင်တို့အညာနွေ

ဂိမာန်စဦး လေပွေရူးမို့
တိုက်ပြန်သော်လည်း ပူလှတယ်။

အညာနွေ ရာသီပန်းပါဘိ
ပင်ယံပေါက်ပန်း လက်ပံတန်းဖြင့်
ဆွေ့ဆွေ့ကယ်နီ ရဲရဲတောက်ပုံများ
ဟို့ ဟိုးအဝေး မျှော်ကာငေးလည်း
တကယ်လှတယ်လေ။

နေ့ရက်နွေလ သည်ချိန်အခါ
အောက်ပြည်ရွာသူ ပျိုမေသက်ထား
လက်ပံပွင့်ကောက် အရောက်ခေါ်ချင်စမ်းပါဘိ
နွေထနောင်း ဆောင်းမန်ကျည်းအရိပ်ခိုရသူ
ရွှေညာသားပေမို့လေ။

မောင် မခေါ်ရက်ဘူး အညာမြေ
ပူချက်ရယ်က လက်လန်တယ်….မေ။ ။

နီကိုလတ်