ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် တိုင်းပြည်ကာကွယ်ရေးတာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိသည့် ရှေ့တန်းပြန်တပ် မတော်သားများအား ကြိုဆိုပွဲကို ဖေဖော်ဝါရီလ ၅ ရက် ညနေ ၄ နာရီက ဂွမြို့၊ ခမရ(၅၆၂) တပ်ရင်းမုခ်ဉီးရှေ့၌ ကျင်းပခဲ့ပါတယ်။
ကြိုဆိုပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ရှေ့တန်းပြန်တပ်မတော်သား မိသားစုဝင်များက သောင်းသောင်းဖြဖြ ကြိဆိုခဲ့ကြပါတယ်။
ရှေ့တန်းပြန်တပ်မတော်သားများ ကြိုဆိုပွဲတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရှေ့တန်းပြန်တပ်မတော်သားများ၏ မိသားစုဝင်များက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရပါတယ်။





