စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာအနီး နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် PDF အကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျေးရွာ၏တောင်ဘက်ရှိ လူနေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် နေအိမ် ၈၀ လုံး မီးကူးစက်လောင်ကျွမ်း ပျက်စီးခဲ့ရပြီး ဆင်ခြေတုံတရားမဲ့စွာ ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် သက်တော် ၈၃ နှစ်၊ ဝါတော် ၁၀ ဝါရှိ ဘုန်းတော်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ကျေးရွာနေ အပြစ်မဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
Related Posts
မြင်းခြံ PDF များ၏ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
- admin
- July 26, 2023
မြင်းခြံမြို့နယ် ဖက်ရင်းကျေးရွာ အရှေ့တောင်ဘက် မီတာ ၅၀၀ ခန့်အကွာ၌ တပ်မတော်နှင့် အကြမ်းဖက် PDF ၅ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများထံမှ – AK-47 […]
နမ့်ဖက်ကာတိုက်ပွဲသတင်း
- admin
- July 19, 2023
ဇူလိုင်လ ၁၈ ရက်နေ့ ညပိုင်းက နမ့်ဖက်ကာ တပ်ကို KIA+TNLA အကြမ်းဖက်အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လောလောဆယ်မှာတော့ ၁ လောင်း ၁လက် ရထားပြီး မိမိဘက်မှ […]
ကော့သောင်းမှာ ဓားပြတိုက်နေတဲ့ KTLA အဖွဲ့ကိုဆုံးမလိုက်တဲ့ရွှေဘများ
- အေးခင်
- December 29, 2023
ကော့သောင်းမြို့နယ်၊ တပ်ဦးမြိုင်သာယာကျေးရွာမှာ ဓါးပြတိုက်နေတဲ့ KTLA အကြမ်းဖက်အဖွဲ့ကို တပ်မတော်စစ်ကြောင်းမှဝင်ရောက်ရှင်းလင်းရာ ဖြစ်စဉ်အတွင်း KTLA ၁ လောင်း၊ အမ်-၁၆ ၁ လက်၊ ကျည် ၁၄၀ […]