လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးနှင့် ကလော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အခမ်းအနားအား ၂၀၂၃ ဇန်နဝါရီလ ၂၇ ရက်နေ့ ၁၃၃၀ ချိန်တွင် ကလောမြို့၊ အထက(၁)ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ကလောတပ်နယ်မှူး ကလောခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အင်အား ၁၀၀ ဦး၊ ကျောင်းသား/ ကျောင်းသူ ၂၀၀ ဦး၊ စုစုပေါင်း ၃၀၀ ဦး တက်ရောက်၍ သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး လေ့ကျင့်ရေးဆောင်ရွက်သည့် အဖွဲ့များအားဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။







