ဟယ်လို 👋 ဒီတစ်ခေါက်တော့ hairstyle လေးတွေအကြောင်းရေးပေးလိုက်ပါတယ်နော်။ 💇
မေသော် ဒီလို ကြိုတင်ခန့်မှန်းရတဲ့ Blog တွေအတွက်တော့ ဖက်ရှင်ဝက်ဘ်ဆိုက်တွေထဲက အသင့်တော်ဆုံး ပုံစံလေးတွေရွေးပြီး Pinterest က ပုံရှာ ပြန် collageလုပ်ပေးထားတာပါ။ ဆံပင်ပုံစံစုစုပေါင်း (၁၀) မျိုး ရွေးချယ်ပေးထားပြီး ဆံပင်ညှပ်ဖို့စဥ်းစားနေသူတွေ သဘောကျကြလိမ့်မယ် မျှော်လင့်ပါတယ်ရှင်။ 🙆 (မေသော်၏ လူမှုကွန်ယက်စာမျက်နှာမှ ကူးယူဖော်ပြသည်။)

70 inspired Layers
အဟောင်းတွေက အသစ်ပြန်ဖြစ်လာတယ်ဆိုတဲ့အတိုင်း 1970ပြည့်နှစ်က Layer Hairstyles မျိုးတွေက ခုတကျော့ပြန်လာပြန်ပါပြီ။ 🤗သူ့ Layer ပုံစံက နည်းနည်း bouncyဖြစ်ပြီး ဖောင်းဖောင်းပွပွလေးပါ။ အရှည်အနေအထားကလည်း ပခုံးကျော်လောက်မို့ အဲ့နှစ်ချက်က အဓိကအချက်ပါပဲနော်။☝️

Pixie နဲ့ Bowl Haircut
၂၀၂၃မှာ ခေတ်စားလာတဲ့ နောက်ထပ် ဆံပင်ပုံစံတွေကတော့ ဆံပင်အတိုညှပ်ရတာကြိုက်သူတွေ သဘောကျမယ့် Pixie နဲ့ Bowl Cut တွေပါပဲ။☝️ Pixie မှာ အရင်လို classic ပုံစံမျိုးတွေထက် အချွန်ပုံံစံအထပ်ပုံစံလေးတွေ ပါလာသလို Bowl Cutလည်း layer လေးတွေနဲ့ ပေါင်းစပ်ဖန်တီးလာတာတွေ ပိုခေတ်စားလာမှာပါ။✨

Mid Length Haircut
ကိုယ့်ဆံပင်က ရှည်နေပြီမို့ ဘယ်အနေအထားညှပ်ရမယ်မှန်းမသိရင် ပခုံးနားတစ်ဝိုက်လောက် အရှည်ထားတာမျိုး ရွေးလိုက်ပါ။ သူ့ကိုမှ Highlight ဖောက်တာ၊ လှိုင်းတွန့် ပုံစံရွေးတာ၊ texture လေးနဲ့ဆို အရမ်းကို မိုက်နေမှာပါ။🔥

Curtain Bang Short Bob
ဆံပင်ကို သိပ်ရှည်ရှည်မထားချင်ပဲ Bob ကေကိုမှ ဆန်းဆန်းလေး ထားမယ်စိတ်ကူးရင် အလယ်ခွဲ curtain bang ပုံစံလေး recommend ပေးပါတယ်။ 🙌 တစ်ချို့မျက်နှာကျတွေကတော့ အလယ်ခွဲနဲ့ သိပ်မလိုက်တာမို့ hairstylist နဲ့ အရင်တိုင်ပင်ကြည့်ပါနော်။ 💁

Wispy Bag Haircut
ဆံပင်ကို ပုံသွင်းရတာ၊ သေချာထိန်းသိမ်းနေရတာမျိုး ပျင်းတယ်ဆိုရင် Wispy Bang ထားကြည့်ပါ။🤗 ၂၀၂၃ ခုနှစ်အတွက် ရွေးချယ်စရာ haircut တစ်မျိုးဖြစ်ပြီး မျက်နှာကျတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။👌

Wolf Haircut
Wolf Haircut ကတော့ အပေါ်မှာပြောခဲ့တဲ့ Octopus နဲ့ ခပ်ဆင်ဆင်တူပေမယ့် သူက ဆံပင်အုံအပေါ်ပိုင်းက သိပ်ထူနေစရာမလိုတဲ့ သဘောပါ။ 🤔အောက်ပိုင်း layer ပုံစံသွားတာကတော့ တော်တော်လေးကို တူညီပါတယ်။ Wolf Cut ရဲ့ အသက်ကတော့ ဆံပင်အောက်နားလေးတွေကို texture လေးတွေပါအောင် ဖန်တီးရတာပါ။ ဖြောင့်စင်းနေရင်မလှပါဘူး။💯

Octopus Haircut
ရေဘဝဲကောင်လေးလိုပဲ သူ့ဆံပင်ပုံစံကလည်း အပေါ်ပိုင်းမှာ ထူထူ volume များများနဲ့ အောက်ပိုင်းမှာတော့ Layer အထပ်ထပ် အမျှင်လေးတွေနဲ့ပေါ့။🐙 Shag တို့ Mullet ပုံစံနဲ့လည်း သူကဆင်တူတဲ့ သဘောရှိပါတယ်။ 🙌

Long Layers
ဆံပင်အရှည်ပဲ ထားချင်တယ်၊ ပျင်းစရာကောင်းတဲ့ ပုံစံမျိုးကြီးလည်း မလိုချင်တဲ့သူတွေအတွက် Layer ပုံစံတစ်မျိုးပေါ့။ ☝️ချစ်စရာလည်းကောင်းသလို ၂၀၂၃ trend မှာလည်း ဒီလိုပုံစံလေးက ပါဝင်နေတာမို့ ရိုးရိုးလေးနဲ့ဆန်းချင်သူတွေ ညှပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။🙌

Chanel Haircut
Bob ကေတွေထဲမှာမှ Coco Chanel ရဲ့ Classic Bob ကအမြဲ ရွေးချယ်စရာဖြစ်နေခဲ့ပါတယ်။ 💁ဆံပင်အရှည်က မေးစေ့နားလောက်ကိုမှ သူက အချွန်အရှည်လေး ထွက်နေသလို ညှပ်ရမှာပါ။ ပြင်သစ်သူတွေ အညှပ်များတဲ့ ဒီပုံစံကလည်း ၂၀၂၃ ခုနှစ်ရဲ့ haircut trend မှာ ပါဝင်လာခဲ့ပါတယ်။✨

Butterfly Haircut
ကိုယ့်ဆံပင်ရှည်ကို ညှပ်လည်းညှပ်ချင်၊ တအားတိုသွားမှာလည်း ကြောက်တယ်ဆို Butterfly Haircut လေး စမ်းကြည့်ပါ။ 🦋✨Layer အထပ်ထပ်လေးတွေက မျက်နှာနားတစ်ဝိုက်အထပ်ထပ်လေးတွေဖြစ်နေပြီး၊ ကိုယ့်မူလဆံပင်အရှည်ကိုလည်း အရမ်းတိုပစ်လိုက်စရာမလိုတာမို့ သဘောကျကြပါလိမ့်မယ်။🤗