ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ထိခိုက်မိပြီး ဆေးကုသမှု ခံရယူနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ကိုဝင်းနိုင် သတိပြန်ရပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က ဘန်ကောက်မြို့ ကြွယ့်ဝါထာနရပ်ကွက်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအတွင်းမှာအလုပ်လုပ်နေတဲ့မြန်မာရွှေ့ ပြောင်းလုပ်သား ကိုဝင်းနိုင်မှာ ငြမ်းပေါ် ကနေ ပြုတ်ကျပြီး သံခေါင်းပေါ်ကျလို့ဒဏ်ရာပြင်းထန်စွာရရှိပြီးဆေးရုံမှာဆေးဝါးကုသမှုခံယူနေကာလက်ရှိမှာ ဆေးကုသစရိတ် လိုအပ်နေတာကြောင့် ကရင်နီ လက်ဝှေ့မယ် ဗာရိုနီကာက ကူညီပေးနိုင်ဖို့ အလှူငွေ ကောက်ခံနေတာ ဖြစ်ပါတယ်။
ဗာရိုနီကာက “ လူနာ သတိရလာပြီ ။စကားတော့မပြောနိုင်သေးဘူး။ကျေးဇူးရှင် အလှူရှင်တွေအားလုံး သူ့ကိုယ်စား Vero ကျေးဇူးအများကြီးတင်ပါတယ်။ လာမဲ့ ၆ရက်နေ့ကျရင် အလှူငွေ တွေသွားအပ်ပေးမှာဖြစ်ပါတယ် အခုလက်ရှိ မောင်လေး ဝင်းနိုင် အတွက်အလှူငွေလက်ခံရရှိထားတာက ထိုင်းဘတ်ငွေ ၂၄၅၀၀ ဘတ်နဲ့ Kpay ၃၇၀၀၀၀ ပါရှင့် ။ အလှူရှင်နာမည် စာရင်းနဲ့တကွ တင်ပေးပါ့မယ်။ပါဝင်ကူညီလှူဒါန်းပေးတဲ့ ညီအစ်ကို အရောက်ဆီတိုင်း ဘုရားသခင် ကောင်းကြီး ပေးပါစေ” လို့ ပြောကြားထားပါတဘ်။
မြန်မာရွှေ့ပြောင်းလုပ်သား ကိုဝင်းနိုင်သည် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် လီဝိုးကျေးရွာ ဇာတိဖြစ် သလို လက်ရှိ မှာသူရဲ့မိသားစုဝင်တွေက စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ကိုဝင်းနိုင်ရဲ့ ဆေးကုသစရိတ်အနေနဲ့ ဘတ် ၅ သိန်းဝန်းကျင်ကုန်ကျနိုင်တယ်လို့ သိရပြီး လက်ရှိမှာ ဦးခေါင်းကို နှစ်ကြိမ်တိုင်တိုင် ခွဲစိတ်ကုသမှု ခံယူထားရကြောင်း သိရပါတယ်။


