ပရိသတ်အချစ်တော် တောင်ကိုရီးယားထိပ်တန်းမင်းသမီး ဆောင်းဟေကျိုဟာ အီလီ ကိုရီးယားနဲ့ လုပ်တဲ့ အမေးအဖြေကဏ္ဍတစ်ခုမှာ သူမရဲ့ ပရိသတ်တွေက သိချင်တဲ့ မေးခွန်းလေးတွေ တချို့ကို ဖြေဆိုပေးခဲ့တယ်လို့ သိရပါတယ်။
❤ ရိုက်ကူးခဲ့ဖူးတဲ့ ဇာတ်ကားတွေထဲ…စိတ်ထဲမှာ ထင်အကျန်ဆုံးနဲ့ သဘောအကျဆုံး Character?
လက်ရှိရိုက်ကူးထားတဲ့ TheGlory ဇာတ်ကားထဲက ဇာတ်ကောင်ကို စိတ်ထဲအရမ်းစွဲနေပါတယ်။
❤ ဆောင်းဟေကျိုရဲ့ စိတ်ပင်ပန်းမှုကို ဖြေလျှော့နည်း?
ကြီးကြီးမားမားရယ်လို့မရှိပါဘူး။ သူငယ်ချင်းတွေဆီမှာ ခွေးလေးတွေရှိတယ်လေ။ သူတို့ဆီလည်သွားရင်း ဝိုင်လေးတစ်ခွက်အတူတူသောက်ရင်း၊ သီချင်းနားထောင်ရင်း၊ စကားလေးပြောရင်းနဲ့ပဲ စိတ်ပင်ပန်းစရာတွေက အလိုလိုပြေပျောက်သွားတယ်ထင်ပါတယ်။ အသက်လည်းရလာတာမို့ ဆူညံတဲ့ နေရာတွေကို မသွားချင်တော့ပဲ အေးအေးချမ်းချမ်းနေချင်တာလဲပါတာပေါ့။
❤ The Glory ဇာတ်ကားရိုက်ကူးရင်း နောင်တရမိတဲ့ အဖြစ်အပျက်ရှိလား?
ပထမဆုံး ရိုက်ဖူးတဲ့ ကာရိုက်တာဆိုတော့လေ ငါလုပ်တာမှန်ရဲ့လားဆိုပြီး တစ်ပိုင်းရိုက်ပြီးတိုင်း ပြန်ရိုက်ချင်တာမျိုးတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်ကားထွက်လာတော့လည်း ကျေနပ်မှုရရှိခဲ့ပါတယ်။
❤ ထပ်ပြီးမွေးဖွားလာမယ်ဆိုရင် ဆောင်းဟေကျိုအနေနဲ့ ပြန်လည်မွေးဖွားလာချင်လား?
လုံးဝပါပဲ။ တစ်ခါဆောင်းဟေကျိုအနေနဲ့ မွေးဖွားလာပြီးပြီမို့ နောက်ဘဝတော့ နောက်လူအနေနဲ့ မွေးဖွားချင်ပါတယ်။
❤ ဘဝမှာ အမှတ်ရဆုံး စကားတစ်ခွန်းနဲ့ ချစ်တဲ့လူတွေကိုပြောချင်တဲ့ စကားတစ်ခွန်းလောက်?
အချိန်က အရာရာကို ဖြေရှင်းပေးပါလိမ့်မယ်ဆိုတဲ့စကားကိုတကယ်နည်းနည်းဒေါသထွက်မိပေမယ့် တကယ်တော့ အဲ့ဒါကအမှန်ဆုံးစကားပါပဲ။ ချစ်ရတဲ့လူတွေကိုပြောချင်တာကတော့ အခုအချိန်မှာ နာကျင်ပင်ပန်းရရင် အပင်ပန်းခံလိုက်ပါ ဒီအခိုက်အတန့်လေးမှာ ဆိုတဲ့ စကားကိုပြောချင်ပါတယ်။ အဆင်ပြေသွားမှာပါဆိုတဲ့ စကားပြေလို့ အဆင်မပြေတာတွေလည်းရှိတာမို့ ပင်ပန်းတာလေးကို အပင်ပန်းခံလိုက်ပြီးရင် ပြီးသွားမှာပါ။ နာကျင်ရတာပင်ပန်းရမှာမကြိုက်လို့ တွန်းထုတ်နေရင် အချိန်ကြာလေ ပိုနာကျင်ရလေပဲဖြစ်လိမ့်မယ်။
❤ ဟာသဇာတ်ကားလေးတွေ ရိုက်ဖို့အစီအစဉ်ရှိလား?
နောက်ပိုင်းကြရင် ရိုမန်တစ်ဟာသဇာတ်ကားလေးတွေ ရိုက်ချင်ပါသေးတယ်။
❤ ၂၀၂၃အတွက် စကားတစ်ခွန်း?
အမြဲကျန်းမာအောင်နေပါ။ ဘာပဲလုပ်လုပ် အားလုံးဖြစ်မြောက်ပါစေ။အဲ့လိုဖြစ်ဖို့ ဆုတောင်းပေးနေပါ့မယ်။
❤ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလုပ်ဦးမှာလား?
ကျွန်မက ဂိမ်းကစားတာမျိုး အဲ့လိုဟာတွေ လုပ်ရတဲ့ အသက်အရွယ် မဟုတ်တော့တာမို့ ပရိသတ်တွေနဲ့ အားလုံးအတူတူစုဝေးပြီး အရသာရှိတဲ့ အစားအစာတွေ လုပ်စားတာမျိုး၊ စကားပြောကြတာမျိုး၊ သိချင်တာတွေပြောပြပေးတာမျိုးလုပ်ချင်မိပါတယ်။



