အိမ်ထဲမှာပဲ စိတ်ကျဉ်းကြပ်နေရတဲ့သူတွေကို စိတ်ရွှင်လန်းသွားစေဖို့ အရိုင်းဆန်ဆန်လှတဲ့ နေပြည်တော်ထဲက ရေတံခွန်အဆင့်ဆင့်တွေဆီ ခေါ်သွားချင်ပါတယ်။ နိုင်ငံရေးကြီးပြီးတဲ့အခါ ဇောင်းကလွှတ်တဲ့ မြင်းတွေလို သွားရမဲ့ စာရင်းတို့ထားဖို့ ရေးပေးလိုက်တယ်နော်။
နေပြည်တော်ကို ပျင်းစရာကြီး ဘာမှလည်ပတ်စရာမရှိဘူးထင်ကြတဲ့သူတွေအတွက် မထိမတွေ့ရသေးတဲ့ natural untouched beauty တွေအများကြီးရှိတယ်ဆိုအရင်ပြောပြချင်ပါတယ်။ ရှာဖွေလေတွေ့ရှိလေဆိုတဲ့ သဘာဝအလှတွေဟာ နပတ ပတ်ဝန်းကျင်မှာ အင်မတန်ပေါပါတယ်။
ခုသွားမဲ့ ပုစွန်ဆိတ်ခုန်ရေတံခွန်ဆိုတာ သဘာဝအလှတွေထဲကတစ်ခုပေါ့။ နာမည်ကြားတာနဲ့တင် ပြေးတွေ့ပြေးဆော့လိုက်ချင်စိတ်ဖြစ်သွားမယ်နော်။
ဘယ်ချိန်ထွက်မလဲ
မနက် ၅ နာရီလောက် ကို့အိမ်ကနေစထွက်ရင်တော့ အကောင်းဆုံးပေါ့။ ဘာလို့ဆို လမ်းပြနဲ့သွားမှ အဆင်ပြေမှာမို့လေ။ သူနဲ့ချိန်းပြီးထွက်ရမယ်။
ဘယ်လိုစပြီးသွားကြမလဲ
ပျဉ်းမနားမြို့ထဲကနေ ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်ကိုတက်ပြီး လှေခွင်းတောင်ဘုရားသို့ဆိုတဲ့ ၄ မိုင်ဝန်းကျင် လမ်းထဲကိုဝင်ပါ။ ကျည်တောင်-ခေါမရွာကနေ ပေါင်းလောင်းဆည်ဘက်တက်တဲ့လမ်းကိုရွေးပြီးး မြစ်ကူးတံတားက်ုကျော်… နန်ချိုချောင်းစက်ရုံသ်ု့ ရေးထားတဲ့ ဆိုငါးဘုတ်အကျော် ဘယ်ဘက်က ငါးတဲစုရွာတွေထဲကို ဝင်တဲ့လမ်းကို ချိုးကွေ့ပါ။ အဲ့နေရာဟာ တောင်ကွေ့တောင်တက်လမ်းစတဲ့နေရာပါ။ ကားသေးလေးတွေတောင် ဖြတ်သွားလို့ရပေမဲ့ လမ်းအချောကြီးတော်မဟုတ်ပါ။
ကားနဲ့ နာရီဝက်ကျော်လောက် မောင်းပြီးတဲ့အခါ ငါးတဲစုရွာလေးကိုရောက်ပါပြီ။ လမ်းမှာ ပေါင်းလောင်းဆည်ကြီးကို အပေါ်စီးကနေ ရေအပြည့်နဲ့ မြင်ရမှာပေါ့။ ရှူခင်းလှတယ်လေ… ဓာတ်ပုံရိုက်လိုက်ပါဦး။
ငါးတဲစုကနေဘယ်လိုသွားမလဲ
ငါးတဲစုရွာရောက်ရင် လှေဆိပ်ရောက်ဖို့ ၁၅ မိနစ် လမ်းလျှောက်ရပါမယ်…. ဆင်ခြေလျောလေးတွေကနေ တဆင့်ချင်းရွာက်ုဖြတ်ပီးးလှေဆိပ်ဆင်းတော့ တောနင်းရသလိုပေါ့။ လှေဆိပ်ရောက်တော့ မနက်စောစောထွက်လာတာမို့ လှေဆိပ်မယ် ရေခိုးရေငွေ့တွေဝေနေတဲ့ ရေပြင်ကိုမြင်ရမယ်။ တောင်နှစ်ဘက်ကြားက ရေပြင်ဟာ တရုတ်သိုင်းကားတွေထဲက တောင်ကြားရောက်သွားသလို ခံစားစေရမယ်လေ။ ဓာတ်ပုံရိုက်တာလဲရိုက်… သဘာဝကိုမျက်လုံးနဲ့အရင် ဖမ်းစားးခံလိုက်ဦးနော်။
စက်လှေဆိပ်ကနေ ရေတံခွန်သို့
စက်လှေတွေကတော့ သေးသေးလေးတွေပါ။ ၅-၁၀ ရေယာက်စီးလောက်ပါပဲ။ သို့ပေသိ မကြောက်ပါနဲ့။ လမ်းပြငှါးထားလို့ Life jacket ပါပီးသားပါ။ စက်လှေကို ၅၀- မိနစ် ကျော်စီးရပါမယ်။ လမ်းတလျှောက် တောင်တွေကြားက စီးနေတဲ့ ရေတံခွန်ပိစိလေးတွေ ငှက်ပျောတောတွေနဲ့ မုဆိုးတဲတွေအပြင် အုပ်ဆိုင်းနေတဲ့ သစ်တောမိှုင်းကြီးလဲတွေ့ရမယ်။ ရေပေါ်ထိုးထောင်နေတဲ့ သစ်ချောက်ပင်တွေကောပေါ့။ ဆည်ရေပြင်ကြီးထဲရောက်နေတယ်မထင်ပဲ မြစ်ကြီးတစ်စင်းထဲ စုန်ဆင်းနေတယ်ထင်စရာပါ။ လမ်းမှာစီးလာတဲ့ စက်လှေ စက်ထိုးရပ်လို့ နောက်လှေစောင့်စီးရတာလဲ အတွေ့ကြုံပါပဲ။
ပုစွန်ဆိတ်ခုန်ရေတံခွန်
ရေတံခွန်ကိုရောက်တဲ့အခါ ပထမဆုံးတွေ့လိုက်ရတာက ရေတံခွန်နိမ့်ကလေးတစ်ခု။ ဆည်ထဲကို ရေတွေတလဟောစီးဝင်နေတာ။ အဲ့ရေတံခွန်လေးထိ လှေကကပ်ပေးပြီးအပေါ်ကို စတက်ရပါတယ်။ ကျောက်တုံးတွေက ချောနေတာကြောင့် သတိထားတက်ရင်းနဲ့ ရေတံခွန် အလတ်စားတစ်ခုကို ထပ်တွေ့ပါတယ်။ ရေတံခွန်တွေက အဆင့်ဆင့်မလို့ တက်လေပိုလှလေ။ ပိုပြီးးစွန့်စားရလေပါပဲ။
အမျိုးသမီးတချို့နဲ့ ကလေးပါတဲ့သူတွေကတော့ အောက်အဆင့်တွေမှာတင် နေရစ်ခဲ့ပြီး ရေချိုးရေဆော့ကြပါတယ်။ ခုနက ရေတံခွန်အလတ်လေးကနေ ကြိုးတွေနဲ့ကုတ်ဖက်တတ်တဲ့အခါ တဝေါဝေါထိုးကျနေတဲ့ ရေတံခွန်အကြီးတစ်ခုကို ထပ်တွေ့ပါတယ်။ လမ်းပြအပြောအရတော့ အဲဒါကမှ ပထမဆုံးအဆင့်ပါတဲ့။ အဲ့အထပ်မှာ နောက်ထပ် ၅ ဆင့်လောက်ကျန်ပါသေးသတဲ့။
ခုနက ပထမဆင့်ရေတံခွန် ကတော့ရေအိုင်လဲဖြစ်နေပြီးးရေလဲမနက်တာကြောင့် ရေကူးကျရင်း အနားယူလို့ရပါတယ်။ Tent ထိုးပြီး camping လာလုပ်နေသူတချို့ကိုလဲတွေ့ပါတယ်။ ခုတော့ အဲ့အဆင့်မှာ ဝါးကွပ်ပျစ်လေးထိုးပေးထားပြီး အမျိူးသမီးတွေ အဝတ်လဲဖို့အဆင်ပြေအောင်လဲ အကာတွေလုပ်ပေးထားပါပြီ။
အထက်ဆင့်ရေတံခွန်များသို့
ခုနကရေတံခွန်အဆင့်မှာတင် ရပ်မနေချင်တဲ့သူတွေကတော့ စွန့်စားနိုင်ပြီးးမိမိဘာသာ သက်လုံကောင်းတယ်လို့ ယူဆရင် အပေါ်ထပ်တက်ပါ။ ရင်ခုန်စရာအပြည့်နဲ့ တောတွင်းစွန့်စားခန်းစလို့ရပါပြီ။
ဒုအဆင့်ကိုတက်ဖို့ မြေသားလှေကထစ်လေးတွေကို ကြိုးနဲ့တွဲခိုတက်ပြီးး ရေတဝေါဝေါစီးနေတဲ့ ကျောက်တုံးတွေကြား ဝါးလုံးတံတားထိုးပေးထားတဲ့ နေရာကနေကျော်တက်ရတာတွေ၊ နွယ်တွေခိုပြီးကျော်ရတာတွေ၊ ရေညှိတွေနဲ့ကျောက်တုံးတွေကို အဆင့်ဆင့်ဖက်တက်ရတာတွေနဲ့ တတိယအဆင့် ရေတံခွန်ကိုရောက်ပြီး၊ စတုတအဆင့်ကတော့ အတော်ခက်ပါတယ်။ မြင့်လဲမြင့် တက်ရတာလဲခက်တော့ မနည်းကြိုးစားတက်ရပါတယ်။ အဲ့အဆင့်မှာတော့ ရေကူးကန်လိုဖြစ်နေတဲ့ ရေတံခွန်ရှိပြီး အကေါအထပ်ဆင့်ကတော့ ငါးလေးတွေပါ မြင်ရတဲ့ ရေတံခွန်ကန်တွေ ထိရောက်မှာပါ။
ငါးလေးတွေခြေထောက်လာတွတ်တော့ ငါးမာဆတ်ရောက်နေသလိုခံစားရမှာပေါ့။ အဲ့ထက်မြင့်တဲ့ အပေါ်ဆုံးအဆင့်တွေကတော့ အရမ်းခက်ခဲလို့ တက်သူနည်းပါတယ်။
ဘာစားရမလဲ
ရေတံခွန်အဆင့်ဆင့်ကနေ ဆော့လို့ဝလို့အောက်ပြန်ဆင်းလာပြီဆိုရင် စက်လှေဆိပ်က စက်လှေသမားကြီး ဦးခင်မောင်ငွေရဲ့ အမျိုးသမီးဒေါဆွေမြင့်လက်ရာ ကြက်တောချက်၊ ငါးကြော်၊ လျှာကျွမ်းပြန်မဲ့ ငရုတ်သီးထောင်း၊ ကြက်ဘူးသီးဟင်းရည်နဲ့ ဂျီသားဟင်းးနဲ့စားဖို့ ထမင်းအိုးကြီးရောက်နေပါပြီ။
ရေချိုးပြီးတာနဲ့ ဝါးကွပ်ပျစ်ပေါ်တက်လို့ ထမင်းလွေးပေတော့ပဲ။ သဘာဝတောတွင်းနေ့လည်စာက လျှာလည်နေစေမှာပေါ့။
ခဏတဖြုတ်နားပြီးတာနဲ့ စက်လှေစီးပြီး ငါးတဲစုရွာကိုအပြန် ရေပြင်ထဲ ညနေဆည်းဆာနေရောင်ဖြာနေတဲ့ အရသာလေးခံစားလိူ့ရတာပေါ့။
ညအိပ်ညနေ
ခုတော့တချို့ ညအိပ်ညနေ နေချင်တဲ့သူတွေက ရေတံခွန်ဘေး စတည်းချ ချက်ပြုတ်စားသောက်ပြီး camp လုပ်အတွေ့အကြုံယူကြပါတယ်။ သို့ပေသိ တော်တော်လေးကိုအပင်ပန်းခံနိုင်မှကျန်းမာရေး ကောင်းမှ ဖြစ်ပါလိမ့်မယ်။ အုပ်စုလိုက်ညီပြီးပျော်ချင်ရင်တော့ စမ်းကျိလို့ရပါလိမ့်မယ်။
ဘယ်လောက်ကုန်လဲ
ဒီခရီးအတွက် လမ်းပြငှါးလိုက်တာနဲ့ စက်လှေခ၊ နေ့လည်စာတစ်ခါတည်းအပါကို တစ်ဦးကျပ် ၁၅၀၀၀ ကျပါတယ်။ ကိုယ်စားချင်တာတော့ ကိုနဲ့မကွာထည့်သွားပေါ့နော်။ လမ်းပြက ကိုမင်းသူလို့ခေါ်ပါတယ်။ သူနဲ့ဆက်သွယ်ချင်ရင် ဖုန်းက- ၀၉ ၇၉၇၆၃၅၃၆၆။
ဘာတွေလိုမလဲ
ပေါ့ပါးတဲ့ လက်ရှည် အင်္ကျီ၊ ဘောင်းဘီဝတ်ပါ။ ဖိနပ်က ရှူးဖိနပ်မှအဆင်ပြေပါမယ်။ ထိခိုက်ရှနာဖြစ်နိုင်လို့ ဆေးဆောင်ပါ။ အဝတ်ပိုယူသွားပါ။ ကျန်တာတော့ ကိုယ်လိုမယ်ထင်တာယူပါ။
အရက် ဘီယာသောက်စားလိုပါကအောက်အဆင့်မှာသာ သောက်ပါ။ သောက်ပြီး အပေါ်မတက်ပါနဲ့။ ခြေချော်ကျရင် အသေပါပဲ။
လမ်းညွှန်ရေးသားသူနှင့်တကွ ဓါတ်ပုံဆရာအား လေးစားစွာဖြင့် ကူးယူဖော်ပြအပ်ပါသည်။
ပုစွန်ဆိတ်ခုန်ရေတံခွန် Nay_Pyi_Taw_Travel








