နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂတိုင်းရင်းသူ၊ တိုင်းရင်းသားများက ခမ်ညူငမ်မျိုးနွယ်စု အက၊ လိုင်းနောင်မျိုးနွယ်စု အက၊ မကျန်ပေါင်းညွှမ်မျိုးနွယ်စု အက၊ ကွန်ညှပ်မျိုးနွယ်စု အက၊ ဂုဏ်ဝမ်ပုံညိုမျိုးနွယ်စု အက၊ ပြည်ထောင်စု၏ ထာဝရအလှများ သီချင်းသီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တည်ခင်းဧည့်ခံထားသည့် ရိုးရာအစားအစာများကို သုံးဆောင်ကြသည်။
သီဆိုကပြဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နာဂရိုးရာတိုင်းရင်းသား အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နို နာဂရိုးရာယဉ်ကျေးမှု မီးပုံပွဲသို့ တက်ရောက်ပြီး လဟယ်မြို့နယ်၊နာဂရိုးရာယဉ်ကျေးမှုမီးပုံပွဲကို မီးထွန်းညှိဖွင့်လှစ်ပေးသည်။




