ဒီဒေသနာတော်မှာ မြတ်စွာဘုရားကဘာကို အကြောင်းပြုပြီးဟောခဲ့တာလဲ ဆိုတော့လူမိုက်နက္ခတ်ပွဲကို အကြောင်းပြုတာမြတ်စွာဘုရား လက်ထက်မှာလည်း အလွန်ဆိုးတဲ့ အခြေအနေတွေ လူမိုက်တွေရှိတာပဲ။ ဘယ်ခေတ်မှာမဆို ပညာရှိတဲ့လူနဲ့ ပညာမဲ့တဲ့ လူအမြဲတမ်းရှိတာပဲ။ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်အတွေးက တစ်မျိုး၊ပညာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်၊အတွေးကတစ်မျိုး၊ဒီနှစ်မျိုးဟာ ပေါင်းစပ်လို့ရနိုင်တဲ့အနေအထား မရှိဘူး။မြတ်စွာဘုရား(၂၅)နှစ် သီတင်းသုံးခဲ့တဲ့နေရာ သာ၀တ္ထိမြို့ ဇေတ၀န်ကျောင်း သာ၀တ္ထိမြို့ကို အမှီပြုပြီး ဘုရားက(၂၅)နှစ်တောင် နေခဲ့တာ။ဘယ်နေရာမှ ဒီလောက်အကြာကြီး မနေဘူး။ဆွေတော်မျိုးတော်တွေ ဆောက်လုပ်ထားတဲ့ နိဂြောဓာရုံကျောင်းတောင်မဒီလောက် အကြာကြီးနေတာ မရှိဘူး။
အဲဒီ သာ၀တ္ထိမှာတော့မြတ်စွာဘုရားက အကြာကြီး သီတင်းသုံးတယ်။အဲဒီလို ဘုရား အကြာကြီး သီတင်းသုံးတဲ့
သာ၀တ္ထိကလူတွေဟာ အကုန်လုံး ပညာရှိတွေချည်းပဲ ဖြစ်သလား။လူ့ယဉ်ကျေးတွေချည်းပဲ ဖြစ်သလားဆိုတော့
မဖြစ်ဘူး။လူဆိုးလူမိုက်တွေ အများကြီးပဲ။ဗာလ နက္ခတ္တဆိုတဲ့သူတို့မှာ လအလိုက် နက္ခတ်ပွဲတွေ ရှိတယ်ပေါ့။ဘယ်နက္ခတ်နဲ့တွေ့ ရင် ဘာလုပ်၊-ဘယ်နက္ခတ်နဲ့တွေ့ရင် ဘာလုပ်၊”နက္ခတ်”အလိုက် ဆိုပါစို့။
လပြည့်၊လကွယ် ကောင်းကင်က လ ကြီးရဲ့ အနေအထားကို ကြည့်ပြီးတော့ လူတွေ “ရက်”တွက်ကြတယ်။
အဲဒီလို နက္ခတ်တွေရဲ့ နာမည်နဲ့ ဟော သွား။အဲဒီထဲမယ် ဗမာမှာတောင် ရှိတယ်ထင်တယ်။”တန်ဆောင်မုန်း လပြည့်”ဟာ-
“စောရနက္ခတ်”ဆိုပြီးတော့ “လပြည့်နေ့”မှာ-မဟုတ် တရုတ် လုပ်တာတွေ အများကြီး ရှိတယ်။ဆိုင်းဘုတ် တွေ ဟိုရွှေ့ ဒီရွှေ့။”ဗမာပြည်”မှာလည်း လုပ်ကြတာတွေ ရှိတယ်ပေါ့။ အဲဒီ-“တန်ဆောင်မုန်းလပြည့်နေ့”လည်း-
ဖြစ်ချင်ဖြစ်မယ်ပေါ့။စာထဲမှာတော့-“ဘယ်လ”-လို့တော့ မပြောဘူး။”ဗာလနက္ခတ်”က လူမိုက်တွေရဲ့ ပွဲလမ်းသဘင်ကျင်းပတဲ့ “နက္ခတ်ပွဲသဘင်ရှိ တယ်”-တဲ့။သူတို့ဆီမှာဆိုရင်-
တစ်လတစ်ခါ “နက္ခတ်ပွဲတွေ”လုပ်ကြတယ်ပေါ့။ “ပူဇော်ပွဲတွေ”လုပ်ကြတယ်။
အဲဒီထဲမယ်-သူတို့ကိုးကွယ်တာကလည်း အမျိုးမျိုးရှိတယ်။ကောင်းတဲ့ဟာ ရှိသလို မကောင်းတာလည်းရှိတယ်။
အဲဒီ တချို့” နက္ခတ် ဗာလ နက္ခတ်”ကျတော့-သူတို့စာဆိုအရ “အဲဒီနေ့မှာ ဘာလုပ်တုန်း”-ဆိုပါးစပ်က ယုတ်ယုတ်မာမာ စကားတွေ ပြောကြတယ်။အိမ်တိုင်းအိမ်တိုင်း လိုက်ပြီးတော့-“ယုတ်ယုတ်မာမာ စကားတွေ” မကြားဝံ့ မနာသာ စကားတွေ ပြောကြတယ်။ဟဲ့ တော်ကြပါတော့ဆို ပိုက်ဆံလေးပေးလိုက်ရင် ထွက်သွားကြတယ်။
ပိုက်ဆံ မပေးမချင်းတော့ မဟုတ်တရုတ်တွေ
ပြောကြတာပဲ။
စာထဲမှာတော့ “အသဗ္ဘီဝါစာ” ဆိုတာ-“လူကြားထဲမှာ ကြားမကောင်းတဲ့စ ကား”လို့
ပြောတာ။ကိုယ့်ဘာကိုယ်သာ တွေးကြည့်တော့။”လူကြားထဲမှာ နားထောင်လို့မကောင်းတဲ့-
စကားမျိုးတွေ” ပြောကြတယ်။”ယုတ်ယုတ်မာမာ စကားတွေ”ပြောတယ်။ အဲဒီတော့အိမ်တိုင်းအိမ်တိုင်းက ပိုက်ဆံ ပေးလိုက်တဲ့အခါကျတော့-အဲဒီပိုက်ဆံယူပြီးတော့-
သောက်စားပျော်ပါးကြတယ်။ဘယ်နှစ်ရက် ကြာတုန်း-ဆိုရင်(၇)ရက်ကြာတယ်။
“ဘုရား”လက်ထက်က”မြတ်စွာဘုရားတောင်မှပဲဘုရားကို ကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေ”က-
“အရှင်ဘုရားတို့ ဆွမ်းခံမကြွပါနဲ့၊ဒီ(၇)ရက်တော့ ကျောင်းမှာပဲ သီတင်းသုံးပါ”-ဆိုပြီးတော့ ဆွမ်း ချက်ပြီး ကျောင်းပို့ကြတယ်ဘာဖြစ်လို့တုန်းဆိုရင် ခုနက လူမိုက်တွေက-မကြားဝံ့ မနာသာ စကားတွေ ဆဲဆိုပြီးတော့
တစ်မြို့လုံးဟာ အုန်းအုန်းကျက်ကျက် ဖြစ်နေတယ်။အဲဒီနေ့မှာ ဆဲလည်း ကိစ္စမရှိဘူး။
“ဗမာပြည်”မှာတော့-တခြားအချိန်မှာ”ရေပက်”ရင်တော့ ရန်ဖြစ်မှာပေါ့၊ “သင်္ကြန်တွင်း” မှာတော့ ပက်ရင် ခံနေကြရတာပဲ၊
ပြဲကိုး။အဲဒီ “ဗာလနက္ခတ်ပွဲ”မှာဆိုလို့ရှိရင်ဆဲချင်တိုင်းဆဲ၊ နားဂွမ်းဆို့ထားမှပဲရမယ်။ဆဲချင်တိုင်းဆဲ၊ ပြောချင်တာတွေပြော၊ မကြားဝံ့မနာသာတွေ ပြော၊ဘာမှ ပြန်ပြောလို့မရဘူး၊ အခါကာလကိုး။
အဲဒီလိုပွဲမျိုးဟာ-“ဘုရား”လက်ထက်-“သာ၀တ္ထိမြို့”မှာ ဒီလိုပွဲမျိုး ဖြစ်ခဲ့တယ်။(၇)ရက်တိတိ လူတွေဟာ ဒုက္ခရောက်ကြတယ်။လူတော်လူကောင်းတွေ ဒုက္ခရောက်ကြတယ်ပေါ့။ခုနက လူမိုက်တွေ ကတော့ ပျော်ကြတယ်ပေါ့။
အဲဒီပွဲကြီး သတ်မှတ်ထားတဲ့ရက်-ကုန်ဆုံးသွားတော့မှ အားလုံးဟာ နားချမ်းသာပြီးတော့-“ဘုရား အမှူးရှိတဲ့ သံဃာတွေ”-မြို့တွင်း ဆွမ်းခံပြန်၀င်ကြရတယ်၊ ဒီလိုဆိုတယ်။”ရွှေကျင်ဆရာတော်ကြီး”ရေးတဲ့-
“တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာ ဘုရားပွဲ”ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ” စာတမ်း။”ဘာဖြစ်လို့တုန်း”ဆို-
သူ့ခေတ်မှာ ခုနက ဘုရားပွဲတွေက-၀က်သတ်၊ ကြက်သတ်နဲ့ အသားတွေ သတ်ပြီးတော့ -သံဃာတွေ ပင့်ပြီးတော့ ဆွမ်းကျွေးကြတယ်၊ဧည့်သည်တွေ ဧည့်ခံကြတယ်။
“သားကောင်တွေ သတ်ပြီး ဒါန ကောင်းမှုလုပ်တယ်”-ဆိုလို့ရှိရင်(၂)ပိုင်းရှိတယ်။
-သတ်တဲ့ အပိုင်းက တစ်ပိုင်း၊-ဒါန ကောင်းမှုလုပ်တာက တစ်ပိုင်း၊သတ်တဲ့အပိုင်းက အကုသိုလ်ဖြစ်တယ်၊
-“ဒါနကောင်းမှု”လုပ်တာ “ကုသိုလ်”ဖြစ်တယ်။အဲဒီနှစ်ခုကို ယှဉ်ကြည့်လိုက်မယ်ဆိုရင်-
“ဒါန”ရလိုက်တာက နည်းနည်း၊”ငရဲ”ကြီးလိုက်တာက များများ။
အဲဒါကို ရည်ရွယ်ပြီးတော့ သူက-“ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ” လို့ ပြောတာ။ကြားဖူးကြ ပါလိမ့်မယ်။
“အမျိုးသမီးတစ်ယောက်”ဟာ-အိမ်ကို “ဧည့်သည်”ရောက်လာတယ်။အဲဒီနေ့မှာလည်းပဲ “အသားမပေါ်ရ ဥပဒေ”အရ “အသား”ဘယ်မှ ၀ယ်မရဘူး။အိမ်ရောက်လာတဲ့ ဧည့်သည်ကို-သူက ဟင်းကောင်းနဲ့ ဧည့်ခံချင်တယ်။အိမ်မှာမွေးထားတဲ့ “ဆိတ်ကလေး”ကို လည်လှီးပြီး ချက်တယ်။အဲဒီ”အမျိုးသမီး”ဟာ ဘ၀တိုင်း ဘ၀တိုင်းမှာ-
သူက လည်လှီးပြီးတော့ ချက်လိုက်လို့ သူက-“ငရဲ”ကျသွားတယ်။”ငရဲ”ကလွတ်တဲ့အခါကျတော့-
“ဇက်ပြတ်ပြီးတော့ သေရတဲ့ဘ၀”က မနည်းဘူးတဲ့။ဒါကြောင့်မို့ တချို့ကပြောတယ်။
“ဆိတ်မွေးအမျှ ခံရတယ်”-တဲ့။တချို့က ထင်ကောင်း ထင်လိမ့်မယ်။
“ကိုယ်က တစ်ခါတည်း သတ်တာ၊ဘာဖြစ်လို့ ဒီလောက် ခံရတုန်း”-ဆိုလူ့ရဲ့ သန္တာန်မှာဖြစ်တဲ့ “စေတနာ”က-
နည်းတာမှ မဟုတ်တာ။အဲဒါမေးလို့ရှိရင် ကိုယ်က ပြန်မေးရလိမ့်မယ်။
“သရက်ပင်”စိုက်တဲ့ အခါမှာ-“တစ်စေ့”တည်းစိုက်တာ။အပင်က-သီးတော့ တစ်လုံးတည်း သီးသလား? (သို့မဟုတ်)
အများကြီး သီးသလား”တစ်ခုတည်း လုပ်ပေမယ်လို့ အများကြီးရတယ်”-
ဆိုတာ ထင်ရှားတယ်။လူ့ရဲ့သန္တာန်မှာ” စိတ်စေတနာတွေ”က-မြောက်များစွာ ဖြစ်တယ်။လက်ဖျစ်တစ်ချက်အ တွင်းမှာ-
“စေတနာပေါင်း”က “ကုဋေတစ်သိန်း”လောက်ဖြစ်သွားတယ်။အဲဒီထဲမှာ-
“အကျိုးပေးနိုင်တဲ့ စေတနာတွေ” မြောက်များစွာပါတယ်-တဲ့။
ဒါကြောင့်မို့ “မြတ်စွာဘုရား”က-“ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာလည်းပဲ တိရစ္ဆာန်ကို လှူလို့ရှိရင် အဆတစ်ရာ၊
ကိုယ်ကျင့်တရား မကောင်းတဲ့ လူကိုလှူရင်အဆတစ်ထောင်”-တဲ့။ ဒီလိုပြောတာ။
ခုနက “အကုသိုလ်အလုပ်တွေလုပ်လို့ အကုသိုလ်တွေ ဖြစ်လာပြီ”-ဆိုလို့ရှိရင်လည်း ဒီလိုပဲ ခံရတယ်။အဲဒီ အမျိုးသမီးက ဧည့်သည်ကို ကျွေးမွေးဧည့်ခံချင်တာ “ဒါ ကုသိုလ်”ပဲ။ကျွေးချင် မွေးချင်တယ်၊ မှန်တယ်၊ ဒါ “ကုသိုလ်”။
သို့သော်-“ဆိတ်ကလေး”ကို သတ်လိုက်တာကတော့- “အကုသိုလ်”ပေါ့။အဲဒီ “အကုသိုလ်”ကို ခံရတယ်။
“ကုသိုလ်ရဲ့အကျိုး”ကို ခံရတာ ဒီလောက်မထင်ရှားဘဲနဲ့ လူ့ဘ၀ရလာတိုင်း ရလာတိုင်း(သို့မဟုတ်)
ဘ၀တစ်ခု ရတိုင်းရတိုင်း ဇက်ပြတ်ပြီးတော့သေရတယ်တဲ့။အဲဒီ “အကုသိုလ်”က-ခံလိုက်ရတာ အများကြီးခံရတယ်။အဲဒါမျိုးကို ရည်ရွယ်ပြောတာ။”ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာတဲ့။လိုခံရရင်တော်တော်လေး ကြောက်စရာကောင်းတဲ့ဟာပဲ။