ရေးမယ်ရေးမယ်နဲ့ အခုမှရေးဖြစ်တာ
(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့က
အဖြစ်အပျက်လေးတစ်ခုပါ
တစ်ချိုရင်ဘက်ချင်းတူတဲ့သူတွေကတော့
ဒီပုံရိပ်ကိုမြင်လိုက်ပါလိမ့်မယ်
ဂုဏ်ပြုအခမ်းအနားမှာ လေထီးစစ်သည် စစ်သမီးတွေက
ဌာနဆိုင်ရာအလံတော် ချိတ်ဆွဲပြီး သရုပ်ပြဆင်းသက်တဲ့အချိန်မှာ
လေကြောင်းအပြောင်းအလဲကြောင့်
အခမ်းအနားအောင်မြင်အောင် အသက်နဲ့ရင်းပြီး
ခက်ခက်ခဲခဲ မြေပြင်သို့ဆင်းသက်နေကြတယ်
ဒီအချိန်မှာ တစ်ယောက်ဆင်းတိုင်း ရင်တမမ စိုးရိမ်စိတ်ကြီးစွာနဲ့
မျက်တောင်မခတ်ကြည့်နေတာကတော့
“ကျနော်တိုရဲ့အမိနဲ့အဖပါ”
တစ်ချိန်တည်းမှာပဲ
မမြင်တဲ့သူတွေကတော့ ကြာအင်းဆိပ်ကြီးကိစ္စနဲ့ပတ်သက်
ဝေဖန်ပြောနေဆိုနေတာတွေလည်း စိတ်မကောင်းစွာမြင်ခဲ့ရပါတယ်
နေပြည်တော်မှာလုပ်တဲ့ပွဲဟာ
CDM လုပ်တာတွေမအောင်မြင်ကြောင်း
နစကဟာ အစိုးရတစ်ခုအဖြစ်ခိုင်ခိုင်မာမာရပ်တည်နေတာဖြစ်ကြောင်း
တပ်မတော်ကိုအားပေးထောက်ခံသူတွေများပြားကြောင်း
ဒီလိုလူတစ်သောင်းနီးပါးနဲ့တစ်ခမ်းတစ်နားလုပ်နေတာကိုတောင်
အနားမကပ်နိုင်တဲ့ PDF တွေကို
တော်လှန်ရေးအောင်မြင်နေပြီလို့ပြောနေတဲ့သူတွေ
အပေါက်ပိတ်အောင် လုပ်ပြတဲ့ပွဲဗျ
နေရာတစ်ခုရအောင်
ရာထူးတစ်ခုရအောင် ဖားယားရေးတာမဟုတ်ဘူး
မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ စစ်သည်တွေရော
ကဏ္ဏ အစုံမှာတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးအဖွဲတွေ၊ မိသားစုတွေကိုရော
ဘယ်လိုသဘောထားလည်းဆိုတာ
ထိုအခိုက်အတန့်မှာ မြင်လိုက်ရတဲ့
ကာကွယ်ရေးဦးစီးချုပ်တို ဇနီးမောင်နှံရဲ့
မျက်လုံးတွေမှာပေါ်ပါတယ်
အရာရှိ/စစ်သည်/ရဲမေ တစ်ယောက်ထိရင်
ကိုယ်မိသားစုဝင်ထိသလိုခံစားရတာ
စစ်သားမိသားစုဝင်တိုင်းရဲ့ခံစားချက်ဗျ
MinChitOo