ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ကျောက်တံခါးနှင့် သူဌေးကုန်းဘူတာအကြား အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဧပြီ ၂၈ ရက် နံနက် ၇ နာရီက ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ်(၉၀၂)အစုန်ကုန် ရထားသည် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ရှိ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် သူဌေးကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁ဝ၇/၄-၅) နေရာသို့ ရောက်ရှိချိန်တွင် အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူ…