ဒီဇင်ဘာ ၁၉ရက်က ၂၀၂၃ ခုနှစ်မှာ မြန်မာ့ပဲတီစိမ်းတန်ချိန် ၁၀၀၀၀ ကျော်ကို ဥရောပနိုင်ငံတွေဆီ တင်ပို့သွားမယ်လို့
စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။ “ဥရောပသမဂ္ဂနိုင်ငံတွေက မြန်မာ့ပဲတီစိမ်းဝယ်ယူရာမှာ သတ်မှတ်ထားတဲ့
Guide Line တွေရှိပါတယ်။ အရည်အသွေးကောင်းမွန်မှုရှိ၊ မရှိ ဝယ်ယူထုတ်ပိုး သိုလှောင်တာကအစ သတ်မှတ်
ထားတဲ့ စံချိန်စံညွှန်းတွေကို လိုက်နာရတယ်။ သူတို့ဘက်က အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းတွေကတစ်ဆင့်
လာရောက်စစ်ဆေးပြီး တင်ပို့ရတာဖြစ်ပါတယ်”လို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဥရောပနိုင်ငံများသို့ ပဲတီစိမ်းတန်ချိန် ၁၀၀၀၀ ကျော်ထိ တင်ပို့မည်
