၂၀၂၂ခုနစ် ဒီဇင်ဘာ လ ၁၆ ရက်နေ့က သတင်းအရ နမ့်စန်-ခိုလမ်သွားကားလမ်း၊ နမ့်မော်
ခေါက်ဆင့် ကျေးရွာအနီး၌ မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် နမ့်စန်မြိုဘက်မှ ခိုလမ်မြိုဘက်သို့
စိုင်းစွမ်ဝမ်း (ခ)စိုင်းညွန့်လူ၊ မနန်းနောင့်ခမ်းတို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ SHN 7K-6569
(REVO/ ခဲရောင်) (လိုင်စင်မဲ့)ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်၏ ယာဉ်မောင်းထိုင်ခုံ
အောက် တူးဘောက်အတွင်းမှ SIG တံဆိပ်ပါ အနက်ရောင် ကော်သေတ္တာဗူးအတွင်း ထည့်ထားသော
အမေရိကန် နိုင်ငံလုပ် SIG SAUER ပစ္စတိုသေနတ် ၅လက်နှင့် ၎င်းကျည်အိမ် ၁၀ ခုတို့အား ဖမ်းဆီး ရမိခဲ့ပါတယ်..
အဆိုပါလက်နက်များသည် အကြမ်းဖက်အဖွဲထံသို့ ရောင်းချမည့် လက်နက်ခဲယမ်းများဖြစ်ကြောင်းသိရှိရပါတယ်ရှင်..

