မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြိုနယ်၌ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမရက်တွင် ကျောင်းသူကျောင်းသား ၄ဝဝဝ ကျော် ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။ မြိုနယ်အတွင်းရှိ စာစစ်ဌာန(၉)ခုဖြစ်သည့် အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ အထက(၅)၊ အထက(၆)၊ အထက(ရေဝေ)၊ အထက(တောမ)နှင့် အထက(အလည်ရွာ)တိုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြခြင်း ဖြစ်သည်။ စာစစ်ဌာနများအလိုက် ကျောင်းသူကျောင်းသားများ အဆင်ချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက်…