ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြိုနယ်၊ နမ့်ဆန်
နယ်မြေထဲက TNLA ဌာနချုပ်ကတော့ မြေပေါ်
က ပျောက်ကွယ်ထားပါပြီ .. စစ်ကြောင်းတွေလည်း အများကြီးနဲ့ မွှေနှောက်ရှာဖွေနေပါပြီ ..
တိုက်ပွဲကတော့ ဖြစ်တယ် ..
Heavy ကြီးတော့ မဟုတ်ဘူး ..
TNLA က အငိုက်မိသွားတာလဲပါမယ်၊
ကြောက်တာလည်း ပါမယ် .. ခံမချတော့ဘူး ..
ပတောက် ပတောက်လုပ်ပြီး အကုန်ဆင်းပြေးကြတာ .. ဘာတွေရလိုက်လဲဆိုတော့
(၁) M-22 သေနတ် (၆၇)လက်
(၂) 7.62 ကျည်ဆန် (၉၅၀၀၀)ကျော်
(၃) AK ကျည်နဲ့ အခြားကျည် (၅၀၀၀၀)ကျော်
(၄) ရှော့တိုက်ဒုံး (၃)လုံး
(၅) 40 mm ဗုံးသီး (၂၀၀)ကျော်
(၆) လက်ပစ်ဗုံးတွေ၊ မိုင်းတွေ အများအပြားပါပဲ ..
အပေါ်မှာ မွှေနေပြီဆိုတော့
TNLA ၄ ယောက်က Surf ကားနဲ့ ယူလို့ရသမျှ
သေနတ်တွေတင်ပြီး ပြေးတာ လီလုရွာနားမှာ
သတင်းရလို့စောင့်နေတဲ့ ပိတ်ဆို့ရေးအဖွဲနဲ့
တည့်တည့်ထပ်တိုးပြီး
(၁) Type-81 သေနတ် (၄၂)လက်
(၂) ကျည်ဆန် (၂၀၀၀၀)တောင့်။
(၃) RPG (၁၀)လက်
(၄) ဒုံးသီး (၉၀)လုံး။
(၅) M-4 သေနတ် (၁၀)လက်။
(၆) ကျည်ဆန် (၂၀၀၀)တောင့်။
(၇) Sniper သေနတ် (၁)လက်။
(၈) Point5 ကျည်ပုံး (၁၃)ပုံး။
တို့ကိုသိမ်းဆည်းရမိခဲ့ပါတယ်။
ပြောချင်တာကတော့
စစ်တပ်က အရင်လို ကိုင်းဖျား၊ ကိုင်းနားတွေကို မရှင်းတော့ဘူး။
ပင်စည်တွေကို ခုတ်လှဲတဲ့ ဗျူဟာသုံးနေပြီဆိုတာပါပဲ။

