ဒီဇင်ဘာ ၈ရက်က ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ ဧရာဝတီတိုင်းကနေ ရန်ကုန်သို့ တင်ပို့တဲ့ ကုန်တင်ကားတွေပေါ်တက် အုပ်စုဖွဲ့လုယက်နေတဲ့ ၆ ဦးအဖွဲ့ ၁ ဖွဲ့ကို ရဲတွေက ဖမ်းမိခဲ့တယ်လို့ ကုန်ကားမောင်းတဲ့ ဧရာဝတီတိုင်းက ဒေသခံတစ်ဦးကပြောပါတယ်။ ရန်ကုန်-ညောင်တုန်း ၊လမ်းမကြီးပေါ်က ဘုရားလမ်း ထိပ်မီးပွိုင့် အနီးမှာ ကုန်ကားပေါ် တင်ဆေင်လာတဲ့ အာဗြဲခြောက် (ခေါ်)ငါးနှပ်ခြောက် အိတ်ကိုကားပေါ် တက်လုနေတဲ့ အချိန် ကင်းလှည့်နေတဲ့ ရဲတွေနဲ့တွေ့ပြီး ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ “ကုန်ကားပေါ်မှာ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကို လုယက်နေတဲ့အချိန်ဖမ်းမိတာ ၊ ခြောက်ယောက်ပါတဲ့ အဖွဲ့လှိုင်သာယာဘက်ကပါ ၊ ကျန်တဲ့အဖွဲ့တွေလည်းရှိ နိုင်နေသေးတယ် ၊ အခုဖမ်းမိတဲ့ သူတွေကို ထိထိရောက် ရောက် အရေးယူစေချင်တယ် ၊ သူတို့က အတင့်ရဲလာ တယ် ၊ လုယက်နေတာကို တွေ့လည်း မပြောရဲကြဘူးလေ။ သတ်ခံရမှာကြောက်လို့ ဒါကို အခွင့်ကောင်းယူပြီး လုပ်နေတာ ၊ သူတို့က ဧရာဝတီတိုင်းဘက်က လာတဲ့ ကုန်ပစ္စည်းတွေကို အဓိကလုယက်တာ”လို့ သူကပြောပါတယ်။ လတ်တလော ဖမ်းမိထားတဲ့ လုယက်တဲ့အဖွဲ့ကအောင်ကို(ခ)ကုလား၊ ကိုဖြိုး၊ ကျော်သူရ၊ အောင်အောင်(ခ)ဝေလင်းအောင်၊ အောင်မျိုးမင်း၊ ခိုင်ရွှေဝါတို့ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို လှိုင်သာယာမြို့မရဲစခန်းမှာအမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့သိရပါတယ်။
Related Posts
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားတစ်စီးပက် လက်လန်တိမ်းမှောက်၍ သွားရောက်ကူညီစဥ် ကားပေါ်၌တစ်ဦးမှမတွေ့ရှိခဲ့
- admin
- October 30, 2022
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် အောက်တိုဘာ ၂၉ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲမှ သိရသည်။ ယင်းနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီး၏ […]
လာအိုနိုင်ငံသို့ ခရီးသွားမည့် ဩစတြေးလျနိုင်ငံသားများ အရက်မသောက်ရန် အစိုးရမှ သတိပေးတားမြစ်
- admin
- November 29, 2024
မီသနောအဆပ်သင့်မှု သံသယဖြင့်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် လာအိုနိုင်ငံသို့ ခရီးသွားမည့် ဩစတြေးလျနိုင်ငံသားများ အရက်မသောက်ရန် ဩစတြေးလျအစိုးရမှ သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ဩစတြေးလျနိုင်ငံသားများအတွက် ဘေးကင်းရေးအတွက် လာအိုတွင်ရောင်းချသည့် Tiger Vodka နှင့် […]
စက်သုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိ
- ပုည
- October 23, 2022
မီဒီညာတွေရဲ့ သတင်းအမှားတစ်ခုကို လိုက်ဖွပြီး ဒေါ်လာဈေးတတ်နေပြီ ကုန်ဈေးနှုန်း တတ်နေပြီတို့ စက်သုံးဆီဈေးနှုန်း တတ်တော့မယ်လို့ ပြောခဲ့ပေမယ့် စက်သုံးဆီဈေးနှုန်းများမှာ ယခင်ရက်သတ္တပတ်ကလိုပဲ ၁ လီတာကို ၁၉၀၀ နဲ့ […]