ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့ ချစ်ခံနေရတဲ့အချိန်မှာတော့စိတ်ဆိုးတာလေးကအစချစ်စရာလေးဆိုပြီးပြောကြတယ် ။ မုန်းလာပြီဆိုပြန်တော့ဘယ်လောက်ကောင်းအောင်လုပ်လုပ်အပြစ်တွေပဲ လိုက်မြင်နေတယ် ။ အပြောင်းလဲမြန်တဲ့စိတ်ဟာအံ့ဩစရာလည်းကောင်းသလိုသံဝေဂယူစရာလည်းကောင်းပါတယ် ။ အမြဲတမ်းချစ်ခံရမယ်လို့လည်းမျှော်လင့်ထားလို့မရနိုင်သလို အကောင်းမြင်ခံရမယ်လို့လည်းအမြဲတမ်းတွက်ထားလို့မရပါဘူး ။ ဖြစ်ချိန်တန်ရင် ဖြစ်လာပြီးပျက်ချိန်တန်ရင်ပျက်သွားမှာဖြစ်လို့ ချစ်တာမုန်းတာကိုဘ၀လုပ်ပြီးလိုက်ခံစားနေခြင်းဟာကိုယ့်ကိုယ်ကို နှိပ်စက်နေခြင်းပါပဲ […]