စီးပွားရေးအကွက်မြင်သည်ဟုဆိုရမည့် ပေ၄၀၀လောက်အမြင့်ရှိသည့် ချောက်ကမ်းပါး၏ အလယ်လောက်တွင် ကုန်စုံဆိုင်လေးဖွင့်ပြီး စျေးရောင်းကာ စီးပွားရှာနေသည့် အမျိုးသားတစ်ဦးရှိပါတယ်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ ပေ၄၀၀လောက်အထိအမြင့်ရှိသော ချောက်ကမ်းပါး၏အလယ်တွင် ဈေးဆိုင်ကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဈေးဆိုင်ကိုဖွင့်လှစ်ခဲ့သည့် အမျိုးသား၏ ရည်ရွယ်ချက်ကတော့ တောင်တက်သည့်လူများကို လိုအပ်သည့်အအေးနှင့် ရေအချို့ကို ရောင်းချပြီး စီးပွားရှာဖို့ဖြစ်ပါတယ်။

