၂၀၂၄ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာချင်းပြည်နယ်ကနေ ကျောင်းသူ၊ကျောင်းသား၄၃၅ ဦးဖြေဆိုတဲ့ထဲမှ(၃၃၈)ဦး အောင်မြင်တယ််လို့မြန်မာနို်င်ငံ စာစစ်ဦးစီးဌာနရဲဒီနေ့ဇွန်(၁၁) ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်တဲ့ကျောင်းသူ၊ကျောင်းသား(၃၃၈)ဦးထဲကနေ ဂုဏ်ထူးရကျောင်းသူ၊ ကျောင်းသား(၁၇၃)ဦး၊၄ ဘာသာဂုဏ်ထူးရကျောင်းသူ၊ကျောင်းသား(၂)ဦးရှိခဲ့ပါတယ်။ချင်းပြည်နယ်မှာ၂၀၂၄ခုနှစ်တက္ကသိုလ်စာမေးပွဲအထူးအစီအစဉ်နဲ့ဧပြီလမှာတက္ကသိုလ်ဝင်စာမေးပွဲထပ်မံဖြေဆိုသူကျောင်းသူ၊ကျောင်းသား(၃၄)ဦးရှိပြီး စုစုပေါင်း(၄၃၅)ဦးအထိဖြေဆိုထားခြင်းဖြစ်ပါသည်။