ဩစတြေးလျပါမောက္ခ ရှောင်တာနယ်အပါအဝင် နိုင်ငံခြားသား ၄ ဦးကို အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ်တွေကို လွတ်ငြိမ်ချမ်းသာခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အဆိုပါနိုင်ငံခြားသား ၄ ဦးမှာ
၁။ ဩစတြေးလျနိုင်ငံမှ ပါမောက္ခ ရှောင်တာနယ်
၂။ ဗြိတိန်နိုင်ငံမှ သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်း
၃။ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနှင့်
၄။ အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦး တို့ဖြစ်ကြောင်း သိရပါတယ်။
ယနေ့တွင် အဆိုပါနိုင်ငံခြားသား ၄ ဦး အပါအဝင် အကျဉ်းသား ၆၁၈ ဦးနှင့် အကျဉ်းသူ ၉၄ ဦး စုစုပေါင်း အကျဉ်းသား ၇၁၂ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း သိရှိရပါတယ်။