ကောလင်းမြို့၊ စက်ရုံလယ်ပြင်ရပ်ကွက်၊ ကောလင်း-ကိုးတောင်ဘိုကားလမ်းဘေးတွင် နေထိုင်သော ဒေါ်ကြာ၊ အောင်ငွေ (ခ) ဖိုးသေးတို့သည် PDF ပဒက်များအားထောက်ပံ့နေကြောင်း သိရှိရသဖြင့် နိုဝင်ဘာလ ၁၅ ရက် ညနေ ၃ နာရီတွင် လုံခြုံရေးအဖွဲဝင်များမှ ၎င်းတို့၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ပါတယ်။
၎င်းနေအိမ်တွင် အကြမ်းဖက် PDF များအား ထောက်ပံ့နေသော အထောက်အထားများ တွေ့ရှိခဲ့သဖြင့် ၎င်းတို့ နေအိမ်တွင်ရောက်ရှိနေ သည့် ဒေါ်ကြာ၏ တူမဖြစ်သူ မေဇင်ဦး နှင့် ထွန်းဝင်းတိုအား ငွေသား သိန်း ၃၀ ကျပ် နှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ် ၄ စီး၊ ကား ၁ စီးတို့ကိုလည်း သိမ်းဆည်းခဲ့ကာ ၎င်းနေအိမ်အား ချိတ်ပိတ်ခဲ့ကြောင်းသိရှိပါသည်။

