အသစ်ဖွင့်လှစ်လိုက်သည့် Naypyitaw State Academy ကို ကြောင်းကျိုးဆက်စပ်တွေးခေါ်မှုအပေါ် အခြေခံသည့် သင်ကြား သင်ယူမှုကို အလေးထားအားပေးပြီး အသုံးချသုတေသနများနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည့် ပညာရှင်များမွေးထုတ်ပေးရာ ဦးဆောင်တက္ကသိုလ် (The Leading University for Wisdom) ဖြစ်စေရန်အတွက် ဦးတည်ချက်ထား ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ယမန်နေ့က ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။


