မွန်ပြည်နယ်၊ ပေါင်မြိုနယ်၊ ဇင်းကျိုက်နယ်မြေ၊ဘုံကျောင်းလမ်း၌ ယနေ့ (နိုဝင်ဘာ ၁၀ ရက်) နံနက် ၄ နာရီကျော်အချိန်ခန့်တွင် အရက်ကြောင်နေသည့် သားဖြစ်သူမှ ဆေးလိပ်ထသောက်ရာကနေ မီးလောင်မှုဖြစ်ပွားကာ အိမ်ရှင် ၄ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်၏ ထုတ်ပြန်မှုအရ သိရှိရပါတယ်။
သေဆုံးသွားသူများမှာ မီးစတင်လောင်ကျွမ်းခဲ့သည့်နေအိမ်မှ ကိုလင်းထွန်း၊ ဒေါ်သန်းသန်းခိုင်၊ ဒေါ်ခင်စီနှင့် ဒေါ်ဇင်ဇင်ဖြိုးတိုဖြစ်ကြသည်ဟုသိရှိရပြီး ယင်းမီးလောင်မှုမှာ အချိန်တစ်နာရီခန့်ကြာအောင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သဖြင့် နေအိမ် ၈ လုံးနှင့် စပါးကျီတစ်လုံးတိုကိုပါ ကူးစက်လောင်ကျွမ်း ပျက်စီးသွားခဲ့ပြီး ပျက်စီးဆုံးရှုးမှုတန်ဖိုးကို စစ်ဆေးလျက်ရှိကြောင်း သိရှိရပါတယ်။


