***********
ဟိုတစ်နေ့က အနန့်ပါမှာ KIA ရာကျော်ကျဆုံးတယ်
–
အခုလည်း TNLA က ဒုရင်းမှူးနဲ့ ခွဲမှူး(၂) ယောက်
အပါအဝင် ၅၀ ကျော်ကျဆုံးပြီး ၃၀ ကျော်ဒန်းစီးတယ်
–
ဖြစ်စဉ်က အောက်တိုဘာ ၃၁ ရက်နေ့က စဉ့်ကူးမြို
အရှေ့ခြမ်း၊ ဝါးဘိုးကျေးရွာမြောက်ဘက် မီတာ ၇၀၀၀
ခန့်အကွာမှာရှိတဲ့ ပွိင့်-၇၄၃ ကုန်းမှာ TNLA+PDF
အင်အား (၂၅၀)ဦးခန့် ရောက်နေကြောင်း ဒေသခံများရဲ့
သတင်းပေးမှုကြောင့် တပ်ကပစ်ကူပစ်အားကိုယူပြီး
ဟန်ချက်ညီ ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ ၄ နာရီကျော်
တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိမိဘက်က ထိခိုက်မှုမရှိဘဲ
ပွိင့်-၇၄၃ ကုန်းအား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့။
ရန်သူဟာ မိုက်ဟုန် ရွာမှ နံနက်၄နာရီအချိန်ခန့်တွင်
ပန်ဟိုး(ရှမ်းမြောက်)ဘက်သို လူနာအထမ်းများစွာဖြင့်
ဆုတ်ခွာသွားခဲ့။
–
ဆိုချင်တာက တပ်မတော်ရဲ့ပြောင်းလဲလာတဲ့ဗျူဟာက
ပစ်ကူပစ်အားကိုအသုံးပြု၍ ရန်သူ့စခန်းကို အမှုန့်ချေပြီးမှ
ခြေလျင်တပ်က မြေသိမ်းခြင်း ဗျူဟာဖြစ်တဲ့အတွက် မိမိ
ဘက်က အထိအခိုက်မရှိဘဲ အချိန်တိုတွင်း သိမ်းပိုက်လိုက်
နိုင်ခြင်းဖြစ်ပါတယ် ..
–
မြန်မာ့တပ်မတော်ရဲ့ ပူးပေါင်းစစ်ဆင်နိုင်စွမ်းကတော့
ပြောင်မြောက်တိုးတက်လာပြီး အံ့မခန်းအစွမ်းပြနိုင်ခဲ့
ပါတယ် ..
–
နောင်စခန်းသိမ်းတိုက်ပွဲများမှာလည်း ဒီလိုဗျူဟာမျိုး
ကျင့်သုံးပါလိမ့်မယ်လို သူပုန်တွေကို သတိပေးပါရစေ။
–