၁။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဂျာမနီသံရုံးယာယီတာဝန်ခံ မာသီးရက်စ်လေရှာ့စ် Mathias Licharz ၏ ဗီဒီယိုဖိုင်တွင်ပါရှိသည့် ၎င်း၏ပြောကြားချက်များသည် မြန်မာနိုင်ငံ၌ဒီမိုကရေစီနည်းလမ်းဖြင့် ပြည်သူကရွေးကောက်တင်မြှောက်ထားသည့်မိမိတို့၏ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အကြီးအကဲကို မထီမဲ့မြင်ပြုခြင်းဖြစ်သည့်အပြင် ရွေးကောက်ပွဲတွင် တက်ကြွစွာဆန္ဒမဲပေးခဲ့ကြသည့် မြန်မာပြည်သူပြည်သားအားလုံးကို တိုက်ရိုက်ပုတ်ခတ်စော်ကားခြင်းလည်းဖြစ်ပါသည်။ ၂။ ဂျာမနီသံရုံးယာယီတာဝန်ခံအနေဖြင့် ဗီဒီယိုရိုက်ကူးသည့်နေရာရွေးချယ်မှုအပါအဝင် ပြုမူပြောဆိုဆောင်ရွက်မှုများသည် အိမ်ရှင်နိုင်ငံနှင့် နိုင်ငံတော်အစိုးရအပေါ် အတိုက်အခံပြုရန်အတွက် …