မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့မှာ အဒေါ်ဖြစ်သူက တံမြက်စည်းနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် အသက် (၉) နှစ်အရွယ်ခန့်ရှိတဲ့ မိန်းကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ အဆိုပါဖြစ်စဉ်ဟာ သံဖြူဇရပ်မြို့နယ်၊ ဟံသာဝတီရပ်ကွက်၊ ရှမ်းဘုရားအနီးမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ ဖေဖော်ဝါရီ ၆ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့တာပါ။ ဒေသခံလူမှုကူညီရေးအသင်းတွေရဲ့ ဖော်ပြချက်အရ အဒေါ်ဖြစ်သူအမျိုးသမီးဟာ တူမဖြစ်တဲ့ သေဆုံးသူ မိန်းကလေးငယ်ရဲ့နေအိမ်မှာ…