လက်ဝဲသုန္ဒရ ရဲ့ နန္ဒီသေနပျို့
ရှေးခေတ်စစ်သည်တော်တွေကို ဆုံးမထားတဲ့ ကဗျာလေး
“ဘိန်းပင်ကစော်၊ လှော်စာခေါင်သက်
အရက်တစ်တည်၊ ထန်းရည်စိမ်ဆေး
ဆိုရေးများစွာ…
သုရာမေရယ၊ ယစ်ဝသေစာ
ကျင့်ယုတ်မာကို၊ ဆိုင်ရာကံမြစ်
စစ်စစ်ကြောကြော၊ ပြောဟောပြသ
နေ့ညစည်းရုံး၊ ရဲမက်လုံးကို
မသုံးမစွဲကြစေနှင့်။”