တစ်တပ်လုံးအလုပ်တေရှုပ်နေကြတယ်…..
အမေတေက……ရှေ့တန်းပြန်စစ်သည်တေ..
ကြိုဆိုပွဲအတွက်ပြင်ဆင်နေသလို…..
ချက်ကြပြုတ်ကြပေါ့….(ပွဲတခုလိုပဲ)😍
သားသမီးတေကလည်း……စံပယ်ပန်းကုံး….နှင်းဆီပန်းကုံး….အောင်သပြေ…
နဲ့ချိုချဉ်ပန်းကုံးလေးတေ….ကိုယ်စီ…ထိုင်သီရင်း….
ရှေ့တန်းထွက်သွားတာကြာပီ…ဖစ်တဲ့..အဖေတေရဲ့ပုံသဏ္ဍန်ကို……. ပုံဖော်ရင်းအပြုံးကိုယ်စီနဲ့…..အပြင်…..
ပြောဖို့စကားတေကများလွန်းလို့…..စီနေရတယ်😊
တော်တော်များများမိဘတေက…..ရှေ့တန်းပြန်ဝင်ခါနီးဆို…..သားသမီးတေကို…မရှိရှိတာလေးနဲ့…
အကျီအသစ်ချုပ်ပေးကြတာပဲ…..😙
ကိုယ်တေရဲ့အပျော်ဆုံးအချိန်ပေါ့…😁
အမေတေက….တူညီဝတ်စုံနဲ့….
ညနေ ၄နာရီခွဲ….ရှေ့တန်းဝင်မှာတဲ့…..
အဲ့…တော့..၄နာရီမှာ….အကုန်လက်စသတ်…ပြီး…ဖီးလိမ်းပြင်ဆင်ပေါ့…..
(အဲ့ဒီအပျော်က…ဘာနဲ့မှမတူတာ)….
၄ခွဲ…..တပ်မုခ်ဦးအဝင်လမ်းကနေစပြီး
လမ်းတဖက်တချက်စီမှာ……သားအမိတေ…ကိုယ်စီ…ကိုယ်စီ…နေရာယူပီးပီ..😛
လက်ထဲမှာလည်းပန်းကုံးတေရော ရေဘူးတေရော..😅