ကြက်နဲ့ပါတ်သက်သမျှကတော့ဘယ်လိုလေးဘဲချက်ချက်ကြိုက်ပါတယ်,လူတွေအများဆုံးစားဖြစ်ကြတာလဲကြက်သားပါဘဲ,ဦးနိုင်ချက်ပြထားတဲ့ အချင်းတွေ,အူသိမ်, အူ, ဥအရေတယ်လေးတွေ,အသဲအမြစ်တွေ အားလုံးကိုအချိုလေးချက်စားလဲအင်မတန်စားလို့ကောင်းပါတယ်,အားလုံးကိုဆီသတ်ပီးလုံးတဲ့အချိန်မှာ လုံးပီးတာနဲ့ အသဲနဲ့ ဥငယ်လေယတွေကိုဖယ်ထားပီးချခါနီးနာရီဝက်အလိုမှထည့်ရင်လည်းရပါတယ်,ဦးနိုင်ကတော့အချိန်မရတော့လို့တခါထဲထည့်လိုက်တာပါ,ငရုတ်သီးထောင်းချက်တာဘဲဖြစ်ဖြစ်ချက်လို့ရပါတယ်, ဆီကျန်ရေကျန်လေးချက်လို့ရသလိုဆီပြန်လေးချက်လည်းအရသာရှိပါတယ်,ချက်နည်းလေးတွေကိုဇာတ်တိုက်တင်ပေးနေတာမို့အားပေးကြည့်ရှု့ရင်းနားမရှင်းတာရှိခဲ့ရင်မေးမြန်းနိုင်ပါတယ်ကြည့်ရှု့ပေးသူတစ်ဦးချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ဗျာ။