အောက်တိုဘာ ၁၈ ရက်နေ့ည ၈ နာရီ ၃၀ မိနစ်ကျော်အချိန်ခန့်က အမျိုးသား ၂ ဦး လ္ဘက်ရည်ထိုင်သောက်နေစဉ် ၃၆×၅၈ လမ်းထောင့်ဘက်မှ အမည်မသိအမျိုးသား ၁ ဦး ခြေလျင်ပြေးဝင်လာပြီး လ္ဘက်ရည်ထိုင်သောက်နေသော ဦးဇော်မင်းထက်(ခ)ဖက်တီးအား သေနတ်ဖြင့်ပစ်ခတ်ရာ ကျည်မထွက်ဘဲ ကျည်ကဒ်အောက်ပြုတ်ကျသဖြင့် သေနတ်ဖြင့်ပစ်ပေါက်၍ ၅၈ လမ်းအတိုင်း၊ မြောက်ဘက် ၃၅ လမ်းဘက်သို့ ထွက်ပြေးသွားရာ ရပ်ကွက်နေပြည်သူများမှ လိုက်လံဖမ်းဆီးသော်လည်း မတွေ့ရှိတော့ကြောင်း အနီးဝန်းကျင်ရှိပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
အခင်းဖြစ်နေရာတွင် G-LOCK တံဆိပ်ပါ သေနတ် ၁ လက်၊ ကျည်ကဒ်(၁)ခု၊ THAI Arms Auto 380 ကျည် ၃ တောင့် ကျန်ရှိခဲ့ကြောင်း၊ တရားခံဖမ်းဆီးရမိရေး CCTV မှတ်တမ်း လိုက်လံကြည့်ရှုခြင်း၊ ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
CRD//PAN