- သစ္စာလေးချက်၊ သံမှိုနှက်သို့
မပျက်ဝန်တာ၊ ကျေပွန်စွာလျှင်
ပြည်ရွာအရေး၊ အသက်သွေးတို့
ပေးဆပ်စွန့်ပျော် စစ်သည်ကျော်။
ရဲဝံ့ထင်ပေါ် တပ်မတော်။
- မိဝေးဖဝေး၊ ကြင်သူဝေးနှင့်
ဝေးတစ်နေရာ၊ စစ်မြေမှာလျှင်
ခန္ဓာအသက်၊ မငဲ့ကွက်ဘဲ
အဖျက်ရန်စ၊ ကင်းစင်ပအောင်
နိုးထတွန်းလှန်၊ ဇွဲစိတ်သန်လျက်
အားမာန်ပြည့်မော် စစ်သည်ကျော်။
တိုင်းပြည်ဂုဏ်ဖော် တပ်မတော်။
- ရေဘေးလေဘေး၊ လောင်မီးဘေးနှင့်
ဘေးမျိုးစုံစွာ၊ ကျရောက်ပါလည်း
ချိန်ခါမဆိုင်း၊ နေရာတိုင်းတွင်
ဝိုင်းဝန်းကူညီ၊ လုပ်ဆောင်သည်တည့်
စွမ်းရည်မြင့်မော် စစ်သည်ကျော်။
ပြည်ကျိုးဆောင်ဖော် တပ်မတော်။
- ဪ…
တိုက်ပွဲတိုင်းကျော်၊ စစ်သည်တော်တို့
ပျော်ရာမနေ၊ တော်ရာနေ၍
တိုင်းပြေ(ပြည်)ဝန်တာ၊ ကျေပွန်စွာလျှင်
မြန်မာတို့ပြည်၊ ကမ္ဘာချီစေ
တည်ကြည်ဖြောင့်မတ်၊ ထိုစိတ်ဓာတ်ဖြင့်
မြင့်မြတ်ထင်ပေါ် စစ်သည်ကျော်။
တုနှိုင်းဂုဏ်ကျော် တပ်မတော်။ ။
မောင်မောင်အေး(ဘိုကလေး)
